Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

“Capital Taiyo Life Insurance ၏ Covid-19 ကာလ CSR Program မှ ထောက်ပံ့ကြေးပေးအပ်မှုများ”

December 30, 2020

“Capital Taiyo Life Insurance ၏ Covid-19 ကာလ CSR Program မှ ထောက်ပံ့ကြေးပေးအပ်မှုများ”

Capital Taiyo Life Insurance ၏ ရုံးခွဲများတွင် နှစ်တိုငွေပင်ငွေရင်းအသက်အာမခံထားရှိခဲ့သူများမှ (199) ဦး ၊ စုပေါင်းအသက်အာမခံထားရှိခဲ့သူများမှ (132) ဦး ၊ ကျန်းမာရေးအာမခံထားရှိသူများမှ (81) ဦး သည် Covid-19 ရောဂါကူးစက်ခံခဲ့ရပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Covid-19 Positive လူနာအဖြစ် အတည်ပြုသတ်မှတ်မှု ရရှိခဲ့ပါသည်။ သို့ဖြစ်ပါ၍ Covid-19 ရောဂါကူးစက်ခံရသော Customer များအတွက် Capital Taiyo Life Insurance ၏ လူမှုရေးရန်ပုံငွေ ကျပ်သိန်း (၅၀၀) မှ လူမှုရေးထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ကျပ်(၂)သိန်းစီအပြင် အာမခံပေါ်လစီပါ အကျိုးခံစားခွင့်များကိုပါ ပေးအပ်ခဲ့ပါသည်။

Capital Taiyo Life Insurance Ltd သည် အသက်အာမခံထားရှိသူ Customer များ မူလပေါ်လစီပါအခွင့်အရေးများအပြင် အခြားလူမှုရေးထောက်ပံ့ငွေများ ထပ်မံခံစားခွင့်ပေးခြင်းဖြင့် Customer များအတွက် ငွေကြေးဝန်ဆောင်မှု စိတ်ချလုံခြုံမှုအပြည့်အဝရရှိနိုင်ရန် အစဥ်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် ၂၀၂၁ နှစ်သစ်တွင်လည်း အာမခံထားရှိသူများအတွက် ငွေကြေးဝန်ဆောင်မှု အပြည့်အဝပေးအပ်နိုင်ရန်အတွက် အကျိုးခံစားခွင့်များအပြင် ထပ်မံစီစဥ်ပြုလုပ်မည့် CSR Program များအကြောင်းကိုလည်း အချိန်နှင့်တပြေးညီ ကြေညာပေးသွားမည် ဖြစ်ပါသည်။
“စုပေါင်းအသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ငွေပင်ငွေရင်းအသက်အာမခံထားရှိသူ Customer များ အနေဖြင့် လူမှုရေးရန်ပုံငွေ အကျုံးဝင်သည့်ကာလ (၃၁-၁၂-၂၀၂၀) ရက်နေ့အထိ Covid-19 ကူးစက်ခံရကြောင်း MOHS မှ အတည်ပြုကြေငြာခြင်း ရရှိခဲ့ပါက အောက်ဖော်ပြပါ တယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်းလည်း အသိပေး ကြေငြာ အပ်ပါတယ်။”

Call Center: 09-765453423, 09-765453422
Head Office: 09-970019900, 09- 961609030

#CapitalTaiyoLifeInsurance
#YourLifelongCompanion
#SocialFundforCovid19