Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

“Capital Taiyo Life Insurance ၏ Covid-19 ကာလ CSR Program မှ ထောက်ပံ့ကြေးပေးအပ်မှုများ”

October 15, 2020

“Capital Taiyo Life Insurance ၏ Covid-19 ကာလ CSR Program မှ ထောက်ပံ့ကြေးပေးအပ်မှုများ”

Capital Taiyo Life Insurance Ltd. သည် Covid-19 ရောဂါ ကူးစက်ပျံ့နှံ့လာသည့်အတွက် (၁-၄-၂၀၂၀) မှ (၃၁-၁၂-၂၀၂၀) အထိ စုပေါင်းအသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ ငွေပင်ငွေရင်းအသက်အာမခံထားရှိသူများ Covid-19 ရောဂါ ကူးစက်ခံရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာခြင်းခံရပါက လူမှုရေးထောက်ပံ့ကြေးပေးနိုင်ရန် Covid-19 လူမှုရေးရန်ပုံငွေ ကျပ်သိန်း (၅၀၀) ထူထောင်ထားရှိခဲ့ပါသည်။
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ CSR ထောက်ပံ့ကြေးတောင်းခံမှုပေါင်း (၂၈) စောင် လက်ခံရရှိခဲ့ပြီး ၄င်းတို့အနက်မှ (၄)စောင်အား ထောက်ပံ့ကြေးပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။ ကျန်ရှိနေသော Customer များအား အလျင်မြန်ဆုံး ထောက်ပံ့ကြေးပေးနိုင်ရန်အတွက်လည်း လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။

Capital Taiyo Life Insurance Ltd. တွင် စုပေါင်းအသက်အာမခံ၊ ကျန်းမာရေးအာမခံနှင့် ငွေပင်ငွေရင်းအသက်အာမခံထားရှိသူ Customer များ အနေဖြင့် လူမှုရေးရန်ပုံငွေ အကျုံးဝင်သည့်ကာလ (၃၁-၁၂-၂၀၂၀) ရက်နေ့အထိ Covid-19 ကူးစက်ခံရကြောင်း MOHS မှ အတည်ပြုကြေငြာခြင်း ရရှိခဲ့ပါက အောက်ဖော်ပြပါ တယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါတယ်ရှင့်။

Call Center 09-765453423 , 09-765453422
Head Office 09-970019900, 09- 961609030
#CapitalTaiyoLifeInsurance
#YourLifelongCompanion