Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

“Capital Taiyo Life Insurance Limited၏အာမခံကိုယ်စားလှယ်သင်တန်း ဖွင့်လှစ်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ခြင်း 🎉”

January 25, 2021

“Capital Taiyo Life Insurance Limited ၏ အာမခံကိုယ်စားလှယ်သင်တန်း ဖွင့်လှစ်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ခြင်း 🎉”

စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အာမခံကိုယ်စားလှယ်သင်တန်းကျောင်း (Agent Training Center) ကို ၂၁. ၁. ၂၀၂၁နေ့တွင် စတင် ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည် 🎊

Capital Taiyo Life Insurance Limited ၏ အာမခံကိုယ်စားလှယ်သင်တန်းကျောင်းကို ချမှတ်ထားသော စံနှုန်းများနှင့် အညီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အာမခံကိုယ်စားလှယ်လုပ်ကိုင်ခွင့်လိုင်စင်ရရှိရန် လိုအပ်သော အရည်အချင်းစစ်စာမေးပွဲအား ဝင်ရောက်ဖြေဆိုနိုင်သည်အထိပို့ချပေးသွားမည်ဖြစ်ပါသည် ။

ထို့ပြင် ပြင်ပမှ အာမခံအကြောင်း စိတ်ဝင်စားသူများ ၊ Capital Taiyo Life Insurance Limited ၏ အာမခံကိုယ်စားလှယ် (Agent) ဖြစ်လိုသူများလည်း တက်ရောက်နိုင်ကြောင်း သတင်းကောင်းပါးလိုက် ပါရစေ 🙋🏻‍♀️✨

“သင့်အနာဂတ်၊ သင့်မိသားစုဘဝ လုံခြုံစိတ်ချလှပစေဖို့ Capital Taiyo Life Insurance Limited ကို ရွေးချယ်လိုက်ပါ။”
Capital Taiyo Life Insurance Limited သည် အာမခံအမျိုးအစား ၁၀ မျိုးရှိသော အာမခံကုမ္ပဏီတစ်ခုဖြစ်ပါတယ် ။ အသက်အာမခံအကြောင်း ကျွမ်းကျင်နှံ့စပ်သော အရောင်းဝန်ထမ်းများမှလည်း Customer များနှင့် အသင့်တော်ဆုံးဖြစ်နိုင်မည့် အသက်အာမခံအမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်စေရန် အပြည့်အ၀ကူညီပေးလျက် ရှိပါတယ်။ URL:https://www.capitaltaiyolife.com/

Capital Taiyo Life Insurance Limited အကြောင်းကို သိရှိလိုပါက – https://fb.watch/2Tww4wEPh4/

အာမခံထားငွေနဲ့ စုစုပေါင်းပေးသွင်းပရီမီယံတွက်ချက်ခြင်း အကြောင်း အသေးစိတ် သိရှိလိုပါက page chat box မှသော်လည်းကောင်း အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို လည်းကောင်း ဆက်သွယ် မေးမြန်း နိုင်ပါတယ်နော် …

Capital Taiyo Life Insurance Limited
Address: No. 7, Pyay Road, Hlaing Township, Yangon, Myanmar
Phone: 09-970019900, 09-970072525, 09-961603090
Email: info@capitaltaiyolife.com

URL: https://www.capitaltaiyolife.com/mm/contact-us/
#CapitalTaiyoLifeInsuranceLimited
#YourLifelongCompanion
#AgentTrainingCenter