အဆင့်မြင့် ဘ၀အာမခံကုမ္ပဏီ ကိုရှာဖွေနေပါသလား?
Looking for a First Class Life Insurance?
ကျွန်ုပ်တို့၏ အာမခံအမျိုးအစားများ

နှစ်တို ငွေပင်ငွေရင်း
အသက်အာမခံ
နှစ်တိုငွေပင်ငွေရင်းအသက်အာမခံဆိုသည်မှာ အာမခံထားရှိသူ အတွက်ဖြစ်စေ၊ သူ၏မိသားစုအတွက်ဖြစ်စေ၊ ငွေစုဆောင်းပေးပြီး ပေးသွင်းထားသည့် ပရီမီယံပမာဏထက် ပိုမိုသောအာမခံအကျိုးခံစားခွင့်ငွေ ရရှိနိုင်မည့်အပြင် မမျှော်မှန်းနိုင်သော အသက်အန္တရာယ်၊ထာ၀စဥ်မသန်စွမ်းြခင်းနှင့် ကြုံတွေ့သောအခါတွင်လည်း ငွေကြေးအကာအကွယ်ပေးသော အာမခံအမျိုးအစား ဖြစ်ပါသည်။

ပညာရေး
အသက်အာမခံ
ပညာရေးအသက်အာမခံ၏ အနှစ်သာရမှာ အကျိုးခံစားခွင့်ရရှိမည့် သားသမီးများ တက္ကသိုလ်ပညာသင်ကြားချိန်တွင် ငွေရေးကြေးရေးအတွက် စိတ်ပူပင်သောကကင်းဝေးစွာဖြင့် တက္ကသိုလ်မှဘွဲ့ရသည့်တိုင် ပညာသင်ကြားနိုင်ရန် ဖြစ်ပါသည်။

စုပေါင်း
အသက်အာမခံ
စုပေါင်းအသက်အာမခံကို အလုပ်ရှင်မှ လည်းကောင်း၊ အလုပ်သမားများ ဆန္ဒအလျှောက် လည်းကောင်း၊ အာမခံထားနိုင်ပါသည်။

ကျန်းမာရေး
အာမခံ
ကျန်းမာရေးအာမခံဆိုသည်မှာ အာမခံထားရှိသူအတွက်ဖြစ်စေ၊ သူ၏မိသားစုအတွက်ဖြစ်စေ အာမခံထားရှိသူ မမျှော်မှန်းနိုင်သော ကျန်းမာရေး အခြေအနေဆိုးများနှင့် ကြုံတွေ့ရင်ဆိုင်လာရသည့်အခါ ငွေကြေးအထောက်အပံ့နှင့် ဆေးကုသစရိတ်များအတွက် အကျိုးခံစားခွင့်ပေးအပ်သော အာမခံအမျိုးအစား ဖြစ်ပါသည်။

ပြင်းထန်သောရောဂါကုသမှု
အာမခံ
ပြင်းထန်သောရောဂါကုသမှုအာမခံဆိုသည်မှာ မြန်မာနိုင်ငံတွင် အဖြစ်များသော အသက်အန္တရာယ်နှင့် နီးစပ်သည့် ပြင်းထန်သောရောဂါကုသမှုနှင့် စပ်လျဉ်း၍ ဆေးရုံတက်ကုသခြင်း၊ ခွဲစိတ်ကုသခြင်းနှင့် သေဆုံးခြင်းများအတွက် အတိုင်းအတာတစ်ရပ်အထိ ငွေကြေးအထောက်အပံ့ပေးသော အာမခံအမျိုးအစား ဖြစ်ပါသည်။

ကိုယ်အင်္ဂါထိခိုက်မှု
အာမခံ
ကိုယ်အင်္ဂါထိခိုက်မှုအာမခံသည် အာမခံဝယ်ယူထားသော မည်သူမဆို အာမခံသက်တမ်းအတွင်း မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးခြင်း၊ ထာဝစဉ်မစွမ်းမသန်ဖြစ်ခြင်း၊ ကိုယ်အင်္ဂါ ထိခိုက်ဒဏ်ရာရခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးခြင်း၊ ဆေးရုံတက်ရခြင်း၊ အလုပ်မလုပ်နိုင်ခြင်းများ ဖြစ်ပွားသည့်အခါ အကျိုးခံစားခွင့်ရရှိမည်ဖြစ်သည်။

Single Premium Credit
Life Insurance
Single Premium Credit Life Insurance is a life policy designed to pay off a borrower’s debt if that borrower dies before the loan is fully paid back to the banks, financial institutions. In the event of the untimely demise (Death, Total Permanent Disability) pat of the borrower, Credit Life Insurance will ensure that title to the purchase will be transferred free and clear to beneficiaries.

ပရီမီယံတစ်ကြိမ်ပေးနှစ်တိုချေးငွေ
အသက်အာမခံ
ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံဆိုသည်မှာအာမခံထားသူသည် ဘဏ်(သို့မဟုတ်) ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ချေးငွေရယူပြီး အာမခံကာလအတွင်း သေဆုံးခြင်း၊ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံကုမ္ပဏီမှအာမခံထားငွေကို ဘဏ်(သို့မဟုတ်)ငွေရေးကြေးရေးအဖွဲ့အစည်းသို့ပေးလျှော်သည့် အသက်အာမခံ အမျိုးအစားဖြစ်ပါသည်။

မိုင်(၁၀ဝ)အောက်
ခရီးသွားအာမခံ
ဤအာမခံအမျိုးအစားနှင့် ပတ်သက်သော အချက်အလက်ကို သက်ဆိုင်ရာစာမျက်နှာတွင် ရှာဖွေပါ။

ပြည်တွင်းပြည်ပ
ခရီးသွားအာမခံ
ဤအာမခံအမျိုးအစားနှင့် ပတ်သက်သော အချက်အလက်ကို သက်ဆိုင်ရာစာမျက်နှာတွင် ရှာဖွေပါ။

အဝေးပြေး အမြန်လမ်းမကြီးများဆိုင်ရာ
အထူးခရီးသွားအာမခံ
ဤအာမခံအမျိုးအစားနှင့် ပတ်သက်သော အချက်အလက်ကို သက်ဆိုင်ရာစာမျက်နှာတွင် ရှာဖွေပါ။

မြွေအန္တရာယ်
အာမခံ
ဤအာမခံအမျိုးအစားနှင့် ပတ်သက်သော အချက်အလက်ကို သက်ဆိုင်ရာစာမျက်နှာတွင် ရှာဖွေပါ။

အားကစားသမား
ကိုယ်အင်္ဂါထိခိုက်မှု
အာမခံ
အားကစားသမား ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံတွင် အာမခံ ထားရှိသော အားကစားသမားသည် အာမခံသက်တမ်း အတွင်း အားကစားရုံ (သို့မဟုတ်) အားကစားကွင်း အတွင်း လေ့ကျင့် နေစဉ် ဖြစ်စေ၊ အားကစား ယှဉ်ပြိုင် နေစဉ် ဖြစ်စေ မတော်တဆ ထိခိုက်မိပါက အာမခံထားရှိသူသည် အကျိုးခံစားခွင့်များကို ရရှိမည် ဖြစ်ပါသည်။
ဖုန်းဖြင့်ဆက်သွယ်ပေးရန် တောင်းဆိုပါ။
ကုမ္ပဏီမှ ကျွမ်းကျင်ဝန်ထမ်းတစ်ယောက်နှင့်ဖုန်းပြောလိုပါသလား။ သင်၏အသေးစိတ်အချက်အလက်များကိုထည့်သွင်းပြီး မကြာမီ ကျွန်ုပ်တို့ဆက်သွယ်ပါမည်။ ကျွန်ုပ်တို့ကို အီးမေးလ်လည်း ပို့နိုင်သည်။