Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာမခံပရီမီယံကြေးကို g&g ဆိုင်များမှာ CTLI App နဲ့ အလွယ်တကူ ပေးချေနိုင်ပြီဖြစ်ပါကြောင်း

April 9, 2022

Capital Taiyo Life Insurance တွင် Short Term Endowment (နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ)ထားရှိသော Customer များအနေနှင့် အာမခံပရီမီယံကြေးကို g&g ဆိုင်များမှာ CTLI App နဲ့ အချိန်မရွေး အလွယ်တကူ ပေးချေနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း အသိပေးကြေငြာအပ်ပါသည်။

လတ်တလောတွင် ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များ၌ ဖွင့်လှစ်ထားရှိသည့် g&g ဆိုင်ခွဲများတွင် အာမခံကြေးပေးချေလို့ရနေပြီဖြစ်ပါသည်။

ထပ်မံတိုးချဲ့သည့်ဆိုင်များကို CTLI Facebook Page နှင့် Website မှာ အသိပေးကြေညာပေးသွားပါမည်ဖြစ်ပါသည်။

g&g ဆိုင်များ၌ အာမခံပရီမီယံကြေးငွေပေးချေရာတွင် Capital Taiyo Life Insurance (CTLI) Mobile application မှတစ်ဆင့်ပေးချေရမည်ဖြစ်ပါသဖြင့် Applicationကို Install မလုပ်ရသေးသည့် customer များလည်း Download/ Install လုပ်ထားပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

CTLI Application Download link

https://play.google.com/store/apps/details?id=com.capitaltaiyolife.mobile