“ငွေစုအသက်အာမခံတစ်ခုတည်း ဝယ်ယူရုံနဲ့ သုံးဆတိုးအကာအကွယ် ရယူနိုင်မယ့် ငွေစုအသက်အာမခံအသစ်”
သုံးဆတိုးအကာအကွယ်ရ ငွေစုအသက်အာမခံအသစ်
သုံးဆတိုးအကာအကွယ်ရ အသက်အာမခံဆိုသည်မှာ အာမခံထားရှိသူအတွက်ဖြစ်စေ၊ မိသားစုအတွက်ဖြစ်စေ၊ ငွေစုဆောင်းပေးပြီး ပေးသွင်းထားသည့် ပရီမီယံပမာဏထက် ပိုမိုသော အာမခံအကျိုးခံစားခွင့်ငွေရရှိနိုင်မည့်အပြင် မမျှော်မှန်းနိုင်သော အသက်အန္တရာယ်နှင့် ကြုံတွေ့သောအခါတွင်လည်းကောင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင်သော်လည်းကောင်း ငွေကြေးအကာအကွယ်ပေးသော အသက်အာမခံအမျိုးအစားဖြစ်ပါတယ်။
သုံးဆတိုးအကာအကွယ်ရ ငွေစုအသက်အာမခံအသစ်က ဘယ်လိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်လဲ???
- အသက်အာမခံ အကာအကွယ် ရနိုင်မယ့်အပြင် ငွေစုဆောင်းပြီးသားဖြစ်စေမယ့် အကျိုးခံစားခွင့်။
- အာမခံသက်တမ်း (၃)နှစ် မှစ၍ ငွေစုအသက်အာမခံ ဝယ်ယူနိုင်ခွင့်။
- အာမခံသက်တမ်းအတွင်း မတော်တဆမှုကြောင့် သေဆုံးခြင်း (ဘေးအန္တရာယ်ကြောင့် သေဆုံးခြင်း) အတွက် နှစ်စေ့အကျိုးခံစားခွင့် ငွေပမာဏ၏ (၃)ဆ အကျိုးခံစားခွင့်ရှိခြင်း။
- တစ်လုံးတည်း (သို့မဟုတ်) အရစ်ကျ ပေးသွင်းနိုင်တဲ့ ပရီမီယံကြေး။
- ဝင်ငွေခွန် သက်သာခြင်း။
- အာမခံအကျိုးခံစားခွင့်ပေါ်တွင် အခွန်ကင်းလွတ်ပိုင်ခွင့်ရှိခြင်း။
- အာမခံမှ ရရှိသည့် အကျိုးခံစားခွင့်ကို မည်သည့်အကြွေးရှင်မှ ဝရမ်းမကပ်နိုင်ခြင်း။
အာမခံအမျိုးအစား | ကာလတိုငွေစုအသက်အာမခံ |
အသက်ကန့်သတ်ချက် | အသက် (၁၀) နှစ်မှ (၆၅) နှစ်အတွင်း။ |
အာမခံသက်တမ်း | (၃) နှစ် (သို့မဟုတ်) (၅)နှစ် (သို့မဟုတ်) (၇)နှစ် (သို့မဟုတ်) (၁၀)နှစ်။ |
အာမခံထားငွေ | အနည်းဆုံး (၁၀) သိန်းကျပ်မှစတင်၍ ထားရှိနိုင်ပါသည်။ |
ပရီမီယံပေးသွင်းခြင်း | ၁ လတစ်ကြိမ်၊ ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ်၊ ၁ နှစ်တစ်ကြိမ် နှင့် တစ်လုံးတည်းပေးဟူ၍ ရွေးချယ်ပေးသွင်းနိုင်ပါသည်။ |
ရရှိနိုင်သော အကာအကွယ်များ | အချိန်မတိုင်မီ ကွယ်လွန်ခြင်းနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။ |
သင်နဲ့ သင့်ချစ်ရသူတွေရဲ့ အနာဂတ်ဘဝ လုံခြုံဘေးကင်းစေမယ့် အသင့်လျော်ဆုံး Capital Taiyo ရဲ့ “သုံးဆတိုးအကာအကွယ်ရ ငွေစုအသက်အာမခံအသစ် (Triple Cover Plan) ” ကို အခုပဲ ဝယ်ယူထားလိုက်ပါ။