စုပေါင်းအသက်အာမခံ
- စုပေါင်းအသက်အာမခံကို အလုပ်ရှင်မှ လည်းကောင်း၊ အလုပ်သမားများ ဆန္ဒအလျှောက် လည်းကောင်း၊ အာမခံထားနိုင်ပါသည်။
- စုပေါင်းအသက်အာမခံထားရှိထားသော အလုပ်သမားသည် အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်သေဆုံးခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာရခြင်းဖြစ်ပေါ်ပါက အာမခံလျော်ကြေးငွေကိုအကျိုးခံစားခွင့်ရှိသူသို့ အလုပ်ရှင်မှတစ်ဆင့် တစ်လုံးတည်းထုတ်ပေးပါသည်။
- စုပေါင်းအသက်အာမခံတွင် အာမခံထားရှိမည့်သူ၏အသက် နှင့် အာမခံထားရှိမည့် ပမာဏပေါ်မူတည်၍ လိုအပ်ပါက အထူးကုဆရာဝန်၏ ဆေးစစ်ချက်များဖြင့် လက်ခံပါမည်။
- ပထမနှစ်အာမခံသက်တမ်းမကုန်မီ နောင်နှစ်အတွက် သက်တမ်းတိုးခြင်းဖြင့် အာမခံအကာအကွယ်ကို ဆက်လက်ရယူနိုင်ပါသည်။
- အာမခံထားသူများစာရင်းတွင် ပါဝင်သူတစ်ဦးဦးသည် လုပ်ငန်းခွင်မှ အပြီးထွက်သွားလျှင်သော်လည်းကောင်း၊ ထုတ်ပယ်ခြင်းခံရလျှင်သော်လည်းကောင်း အလုပ်ရှင်မှယင်းအလုပ်သမားနေရာအတွက် အစားထိုးခြင်းနှင့် နောက်ထပ်ခန့်အပ်လိုက်သော အလုပ်သမားအသစ်များအတွက်လည်း ထပ်ပေါင်းဝယ်ယူနိုင်ပါသည်။
- စုပေါင်းအသက်အာမခံ
(က) လူဦးရေ - အနည်းဆုံး(၅) ဦးထားရှိရမည်။ (ခ) အသက်အရွယ်ကန့်သတ်ချက် - အသက် (၁၈) နှစ်မှ (၆၀) နှစ်ထိ။
- အသက် (၁၈) နှစ်မှ (၆၀) နှစ်အထိ မျက်မြင်အားဖြင့် ကျန်းမားရေးကောင်းမွန်သည့် အလုပ်သမားတိုင်းအာမခံထားခွင့်ရှိပါသည်။ - မျက်မြင်အားဖြင့် ကျန်းမာရေး ကောင်းမွန်သည့် အလုပ်သမားများအတွက် အာမခံထားငွေ ကျပ် (၃) သန်းအထိဆေးစစ်ခြင်း ကင်းလွတ်ခွင့်ဖြင့် လက်ခံပါမည်။ - အာမခံထားငွေ ကျပ် (၃) သန်းကျော်လျှင် အထူးကုဆရာဝန်၏ ဆေးစစ်ချက်ဖြင့် လက်ခံပါမည်။ (ဂ) အာမခံထားငွေ (တစ်ဦးချင်းအတွက်) - (၁) သောင်းမှ (၅) သန်းထိထားရှိနိုင်ပါသည်။ (ဃ) အာမခံသက်တမ်း - (၁) နှစ် (င) ပရီမီယံပေးသွင်းခြင်း - ပရီမီယံကိုတစ်လုံးတည်းပေးသွင်းရမည်။ (စ) ပရီမီယံနှုန်း - အာမခံထားငွေ၏ (၁%) (ဆ) အာမခံစသည့်နေ့ - ပရီမီယံကြေးပေးသွင်းသည့်နေ့ (ဇ) အာမခံသက်တမ်းဆက်ခြင်း - အာမခံသက်တမ်း မကုန်ဆုံးမီ နောင်နှစ်အတွက် အာမခံသက်တမ်း ဆက်နိုင်ပါသည်။
- အာမခံထားသူများစာရင်းတွင် ပါဝင်သည့် အလုပ်သမားတစ်ဦးသည်
(၁) လုပ်ငန်းခွင်မှ အပြီးထွက်သွားလျှင် သော်လည်းကောင်း၊
(၂) ထုတ်ပယ်ခြင်း ခံရလျှင်သော်လည်းကောင်း၊ ယင်းနေ့ရက် နောက်ပိုင်းဖြစ်ပေါ်လာသော မတော်တဆထိခိုက်သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်းတို့အတွက် နစ်နာကြေးရခွင့်မရှိပါ။
- စုပေါင်းအသက်အာမခံတွင် လိုအပ်ပါက အထူးကုဆရာဝန်၏ ဆေးစစ်ချက်များဖြင့် လက်ခံပါမည်။ ဆေးစစ်ချက်ကုန်ကျစရိတ်ကို Capital Taiyo Life Insurance Ltd. မှ တာဝန်ယူခြင်းဖြင့် ဆောင်ရွက်ပေးပါမည်။
(ဈ) အကျိုးခံစားခွင့်များ - (၁) မတော်တဆထိခိုက်သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်။
(၂) မတော်တဆထိခိုက်ဒဏ်ရာရခြင်းအတွက် အကျိုးခံစားခွင့်။
(၃) ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်။ - မတော်တဆထိခိုက်သေဆုံးခြင်းအတွက် အကျိုးခံစားခွင့် - အာမခံထားသူများစာရင်းတွင် ပါဝင်သည့် အလုပ်သမားတစ်ဦးဦးသည် အာမခံသက်တမ်းအတွင်းသေဆုံးပါက အာမခံထားငွေကို အလုပ်ရှင်မှတစ်ဆင့် အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူသို့ တစ်ကြိမ်တည်းထုတ်ပေးပါမည်။
- မတော်တဆထိခိုက်ဒဏ်ရာရခြင်းအတွက် အကျိုးခံစားခွင့် - အာမခံထားသူများစာရင်းတွင် ပါရှိသည့် အလုပ်သမားတစ်ဦးဦးသည် မတော်တဆထိခိုက် ဒဏ်ရာရရှိလျှင် အောက်ပါ လျှော်ကြေးနှုန်းထားများ အတိုင်းရပိုင်ခွင့်ရှိပါသည်။ ဇယားတွင် ဖော်ပြမထားသည့် မတော်တဆထိခိုက်ဒဏ်ရာရမှုအတွက် ဆရာဝန်၏ ထောက်ခံချက်အပေါ် အခြေခံ၍ သင့်လျော်သောအကျိုးခံစားခွင့်များထုတ်ပေးပါမည်။
ဒဏ်ရာ အာမခံထားငွေ (တစ်ဦးချင်းအတွက်) (၁) ထာဝစဉ်မသန်မစွမ်းဖြစ်၍ လုံးဝအလုပ်မလုပ်ကိုင်နိုင်ခြင်း။ ၁၀ဝ ရာခိုင်နှုန်း (၂) မျက်စိတစ်ဖက် လုံးဝကွယ်ခြင်း။ ၅ဝ ရာခိုင်နှုန်း (၃) နားတစ်ဖက် လုံးဝပင်းခြင်း။ ၂၅ ရာခိုင်နှုန်း (၄) လက်တစ်ဖက် လုံးဝပြတ်ခြင်း။ ၅၀ ရာခိုင်နှုန်း (၅) ခြေတစ်ဖက် လုံးဝပြတ်ခြင်း။ ၅၀ ရာခိုင်နှုန်း (၆) လက်တစ်ဖက် ကျိုးခြင်း။ ၂၅ ရာခိုင်နှုန်း (၇) ခြေတစ်ဖက် ကျိုးခြင်း။ ၂၅ ရာခိုင်နှုန်း - ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့် - အာမခံထားသူများစာရင်းတွင် ပါရှိသည့် အလုပ်သမားတစ်ဦးဦးသည် အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက် ဒဏ်ရာရရှိခြင်းကြောင့် ထာဝစဉ်မသန်မစွမ်းဖြစ်ခဲ့လျှင် အာမခံထားငွေကို အလုပ်ရှင်မှတစ်ဆင့် အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူသို့ တစ်ကြိမ်တည်း ထုတ်ပေးပါမည်။
- အကျိုးခံစားခွင့် အကျုံးမဝင်သောအချက်များ
(၁) မိမိကိုကိုယ် သတ်သေခြင်း။ (၂) မူယစ်ဆေးဝါး သုံးစွဲခြင်း။ (၃) အာမခံထားသူများစာရင်းတွင် ပါဝင်သူတစ်ဦးသည် လုပ်ငန်းခွင်မှ အပြီးထွက်သွားလျှင်သော်လည်းကောင်း၊ ထုတ်ပယ်ခြင်းခံရလျှင်သော်လည်းကောင်း၊ ယင်းနေ့ရက်နောက်ပိုင်း ဖြစ်ပေါ်လာသော မတော်တဆထိခိုက်သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်းတို့အတွက် နစ်နာကြေးရခွင့်မရှိပါ။ (၄) အာမခံထားသူကိုယ်တိုင် ဒဏ်ရာရရှိအောင် ဆောင်ရွက်ခြင်းမှ ရရှိသောဒဏ်ရာအတွက် နစ်နာကြေးရခွင့် မရှိပါ။