Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

Capital Life Insurance တွင် ငွေပင်ငွေရင်း (ပြည်သူပြည်သား)အသက်အာမခံထားရှိသူအား နှစ်စေ့အကျိုးခံစားခွင့် ပြန်လည်ပေးအပ်ခြင်း

August 23, 2019

အသက်အာမခံထားရှိမှု အပြင် ငွေကြေးစုဆောင်းမှု၊ ဝင်ငွေခွန်ကင်းလွတ်မှု စသည်တို့ပါ ရရှိနိုင်သည့် ငွေပင်ငွေရင်း အသက်အာမခံကို Capital Life Insurance ၏ Customer တစ်ဦးဖြစ်သော ဦးဇော်လင်းထွန်းသည် ၁၅.၁၀.၂၀၁၃ ရက်နေ့တွင် ရန်ကုန်ရုံးချုပ်တွင် အာမခံထားငွေ သိန်း၃၀ဝကို အာမခံသက်တမ်း၅နှစ်ဖြင့် အသက်အာမခံဝယ်ယူထားရှိခဲ့ပါသည်။

အာမခံထားရှိသူ ဦးဇော်လင်းထွန်းသည် ထားရှိသည့် သက်တမ်း၅နှစ်အတွင်း လျော်ကြေး ပေးချေရန် ကိစ္စများ ဖြစ်ပွားခဲ့မှု မရှိသည့်အတွက် ၂၆.၁၀.၂၀၁၈ ရက်နေ့တွင် ရန်ကုန် ကြည့်မြင်တိုင်ရုံးချုပ်တွင် ရုံးချုပ်တာဝန် ရှိသူမှ နှစ်စေ့အကျိုးခံစားခွင့်ငွေကျပ် သိန်း၃၀ဝ အား ကိုယ်တိုင်ကိုယ်ကျပေးအပ်ခဲ့ပါသည်။

မတော်တဆဖြစ်ရပ်ဆိုး တစ်စုံတစ်ရာ တွေ့ကြုံခဲ့ရပါက ငွေကြေးကိစ္စရပ်များနှင့် ပတ်သတ်ပြီး စိတ်အနှောင့်အယှက်မဖြစ်ရစေရန် အသက်အာမခံထားရှိခဲ့ပြီး ၅နှစ်အတွင်း လျော်ကြေးပေးချေရန်ကိစ္စ မတွေ့ကြုံခဲ့သော ကြောင့် မိမိပေးသွင်းထားသော ပရီမီယံကြေး သိန်း၃၀ဝအား နှစ်စေ့အကျိုးခံစားခွင့် အနေဖြင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်ပါသည်။