Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

Capital Life Insurance နှင့် Taiyo Life Insurance တို့ ဖက်စပ်လုပ်ကိုင်ရန် လုပ်ငန်းဆောင်ရွက်လိုမှု အဆိုပြုလွှာတင်သွင်း

July 24, 2019

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂ရက်နေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားပြီးသော နိုင်ငံခြားအာမခံကုမ္ပဏီကို ပြည်တွင်းအသက်အာမခံကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ကြေညာခဲ့ပါသည်။ Capital Life Insurance သည်လည်း ဂျပန်နိုင်ငံအခြေစိုက် အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သော Taiyo Life Insurance နှင့် Joint Venture ဆောင်ရွက်ရန်အတွက် ‘လုပ်ငန်းဆောင်ရွက်လိုမှု ဆန္ဒပြုလွှာ (Expression of Interest)’ ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် တင်သွင်းခဲ့ပါသည်။

Taiyo Life Insurance သည် ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့၌ ပထမဦးဆုံးသော နိုင်ငံခြား အသက်အာမခံကုမ္ပဏီအဖြစ် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခြင်း နှစ် ၁၂၀ ပြည့်ခဲ့သော ခိုင်မာသော ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါသည်။ ထို့အပြင် Taiyo Life Insurance သည် မြန်မာနိုင်ငံ အသက်အာမခံလုပ်ငန်းနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်သည့် ကူညီထောက်ပံ့မှုများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ပါသည်။

Capital Life Insurance နှင့် Taiyo Life Insurance တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် အာမခံအသိပညာ ပိုမိုပြန့်ပွားတိုးတက်လာစေရန် ရှေးရှုလုပ်ဆောင်သွားပါမည်။ ထို့အပြင် အရည်အသွေးပြည့်ဝသော အသက်အာမခံအမျိုးအစားများနှင့် ဝန်ဆောင်မှုများဖြင့် အာမခံထားရှိသော ပြည်သူလူထုအား ပိုမို စိတ်ကျေနပ်စေမှုရရှိစေပြီး မြန်မာ့အာမခံဈေးကွက်အတွက် အကျိုးပြုနိုင်မည့် ယုံကြည်စိတ်ချရသော ခိုင်မာသည့် အာမခံလုပ်ငန်းတစ်ခု ဖြစ်လာစေရန် ပူးပေါင်းဆောင်ရွက်သွားကြပါမည်။