Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

FAQs

မကြာခဏမေးလေ့ရှိသောမေးခွန်းများ

KBZ bank, CB Bank, UAB Bank, Global Treasure Bank, MCB Bank, OK$, Wave Money, Collector Collection Service, Capital Taiyo Life ရုံးခွဲများမှတဆင့် ပရီမီယံကြေးကိုပေးဆောင်လို့ရနိုင်ပါသည်။

နှစ်မစေ့ပဲငွေပြန်ထုတ်လျှင် အမ်းငွေရသင့်တန်ဖိုးနှုန်းထားပါဇယားအတိုင်း ရရှိနိုင်ပါသည်။

နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ

အာမခံထားသူ၏အသက်အရွယ်နှင့် အာမခံသက်တမ်းပေါ်မူတည်၍ ကျသင့်ပရီမီယံနှုန်းကို တွက်ချက်ပေးပါသည်။

၁လတစ်ကြိမ်ပေးသွင်းသည့်ပေါ်လစီများအတွက်ပရီမီယံပေးသွင်းရန် (၁၅) ရက်နောက်ကျခွင့်ရှိပါသည်။ (၁)နှစ်တစ်ကြိမ်၊ (၆)လတစ်ကြိမ်၊(၃)လတစ်ကြိမ်ပေးသွင်းသည့်ပေါ်လစီများအတွက် ရက်(၃၀) နောက်ကျခွင့်ရှိပါသည်။

အနည်းဆုံး (၁၂) ကြိမ် ငွေသွင်းပြီးမှသာလျှင် ငွေပြန်ထုတ်လို့ရပါမည်။

စုပေါင်းအသက်အာမခံ

ကျန်းမာရေးအာမခံ

ဆေးရုံတက်ရောက်မှုခံယူနေစဉ် ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး ဆေးရုံဆင်းသည့်နေ့မှစ၍ အလုပ်လုပ်ရက် (၁၀) ရက်အတွင်း ဆေးကုသမှုမှတ်တမ်းနှင့်တကွ အကျိုးခံစားခွင့်တောင်းခံရမည်။

ပြင်းထန်သောရောဂါကုသမှု အာမခံ

ပရီမီယံကြေးအား Individual customer များမှာ (၆)လတစ်ကြိမ်၊ (၁)နှစ်တစ်ကြိမ် ပေးသွင်းရမည်ဖြစ်ပြီး၊ Group Customer များမှာ လစဉ်ပေး၊ (၃)လတစ်ကြိမ်၊ (၆)လတစ်ကြိမ်၊(၁)နှစ်တစ်ကြိမ် ဟူ၍ပေးသွင်းနိုင်ပါသည်။

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

ဆရာဝန်၏ ထောက်ခံချက်ပေါ်မူတည်၍သော်၎င်း ၊ သတ်မှတ်ထားသောလျော်ကြေးနှုန်းထားများအတိုင်း သော်၎င်း ရပိုင်ခွင့်ရှိပါသည်။

မတော်တဆထိခိုက်မှုကြောင့်သေဆုံးပါက အာမခံထားငွေအား အကျိုုးခံစားခွင့်လွှဲပြောင်းသူကိုတစ်ကြိမ်တည်းထုတ်ပေးပါမည်။

ခရီးသွားအာမခံ

ခရီးသွားအာမခံတွင်မိုင်(၁၀၀)အောက်ခရီးသွားအာမခံနှင့် အထူးခရီးသွားအာမခံ ခရီးစဉ်များကို သက်ဆိုင်ရာယာဉ်လိုင်းများမှလည်းကောင်း၊ ပြည်တွင်း၊ ပြည်ပခရီးစဉ်များကို ရုံးချုပ်တွင်လည်းကောင်းဝယ်ယူနိုင်ပါသည်။

ခရီးသွားအာမခံတွင်သေဆုံးမှုအတွက် လျော်ကြေးကိုဖြစ်ပွားသည့်နေ့မှစ၍ (၁)နှစ်အတွင်း၊ ဒဏ်ရာရမှုအတွက် (၂)နှစ်အတွင်း တောင်းခံရန်လိုအပ်ပါမည်။

Capital Taiyo Life Insurance သို့

အာမခံနှင့်ပတ်သတ်၍ သိရှိလိုသည်များကို

(+959) 964433627, 952392699

သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။