Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

Capital Taiyo Life Insurance (CTLI) နှင့် မြန်မာနိုင်ငံသားများဘဏ် (MCB) တို့ နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခြင်း

August 21, 2020

Capital Taiyo Life Insurance (CTLI) နှင့် မြန်မာနိုင်ငံသားများဘဏ် (MCB) တို့ နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုးခြင်း

Capital Taiyo Life Insurance (CTLI) လီမိတက်နှင့် မြန်မာနိုင်ငံသားများဘဏ် (MCB) တို့မှ အနာဂတ် bancassurance လုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) တွင် လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့ပါသည်။

MOU ၏ ရည်ရွယ်ချက်မှာ customer များအတွက် CTLI ၏ အသက်အာမခံထုတ်ကုန်များအား ပရိုမိုးရှင်းလုပ်ခြင်း၊ စျေးကွက်ချဲ့ထွင်ခင်း၊ ဖြန့်ချိခြင်းနှင့် ရောင်းချခြင်းများတွင် MCB မှ အာမခံဝန်ဆောင်မှုပေးသည့် ကြားခံအနေနှင့် အနာဂတ်တွင် လုပ်ငန်းမိတ်ဖက်များအဖြစ် စတင်ဆောင်ရွက်သွားရန် ဖြစ်သည်။ ကော်ပိုရိတ်အေးဂျင့်သဘောတူညီချက် ထားရှိချုပ်ဆို၍ အောင်မြင်သည့် bancassurance model တစ်ခုကို အကောင်အထည်ဖော်ဆောင်ရန် MCB နှင့် CTLI တို့မှ ပူးပေါင်းလုပ်ကိုင်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အာမခံစျေးကွက်အား ၂၀၁၃ ခုနှစ်မှစ၍ ပုဂ္ဂလိကဏ္ဍမှ လုပ်ကိုင်နိုင်ရန် ခွင့်ပြုပြီး၊ ထိုအချိန်မှစ၍ သိသာစွာ တိုးတက် လာခဲ့သည်။ ယင်းနောက် လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ နိုင်ငံခြားအာမခံကုမ္ပဏီများအတွက်ပါ စျေးကွက်အား ဖွင့်လှစ်ခဲ့ပါသည်။ Bancassurance ဆိုသည်မှာ ဘဏ်နှင့်အာမခံကုမ္ပဏီတို့ ပူးပေါင်း၍ အမျိုးမျိုးသောအာမခံထုတ်ကုန်များအား ဘဏ်မှတဆင့် ရောင်းချ သည့် business model တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (IBRB) တို့၏ အတည်ပြုချက် ဖြင့် ဘဏ်များနှင့် မိုက်ခရိုဖိုင်းနန့်အဖွဲ့အစည်းများအား အာမခံထုတ်ကုန်များရောင်းချသည့် အေးဂျင့်များအဖြစ် ခွင့်ပြုသည့် IBRB ၏ ၂၀၂၀ ခုနှစ်၊ မတ်လတွင် ထုတ်ပြန်သော ညွှန်ကြားချက်နောက်ပိုင်း Bancassurance သည် အဓိကကျသော sales channel အဖြစ် နောင်တွင် မြန်မာနိုင်ငံ၌ တွင်ကျယ်လာမည်ဟု မျှော်မှန်းရပါသည်။

CTLI ၏ အမှုဆောင်အရာရှိဖြစ်သူ ဦးရန်ပိုင်မှ ပြောကြားသည်မှာ – “အထင်ရှားဆုံးမိတ်ဖက်ဖြစ်တဲ့ MCB နဲ့ MOU ရေးထိုးနိုင်တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ လုပ်ငန်းနှစ်ဘက်စလုံးရဲ့ ခိုင်မာမှုကို မြှင့်တင်ပေးမယ့် လုပ်ငန်းသစ်တစ်ခု စတင်ခြင်းကနေ တန်ဖိုးသစ်တွေ ဖြစ်ထွန်းလာမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ အနာဂတ်တိုးတက်မှုတွေကို ကြိုလင့်နေပါပြီ။ အာမခံထုတ်ကုန်တွေနဲ့ပတ်သက် လို့ အဓိကအားဖြင့် MCB customer တွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုတွေ စီစဉ်ပေးပြီး ပူးပေါင်းဆောင်ရွက်မှု ကနေ customer တွေရဲ့ စိတ်ကျေနပ်မှု ပိုရစေဖို့ ရည်မှန်းပါတယ်။ ဒီလို လုပ်ငန်းပိုင်း ပူးပေါင်းဆောင်ရွက်မှုကတဆင့် မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ စျေးကွက်တည်ရှိမှုကို သေသေချာချာ မြှင့်တင်သွားချင်ပါတယ်။”

MCB ၏ အမှုဆောင်အရာရှိဖြစ်သူ Mr. Godfrey Swain မှ ပြောကြားသည်မှာ – “CTLI နဲ့ လက်မှတ်ထိုးထားတဲ့ MOU ကနေ MCB အနေနဲ့ အသက်အာမခံထုတ်ကုန်ဝန်ဆောင်မှုတွေကို ရောင်းချပေးမယ့် ၉ လတာ pilot project ကို စတင်ပါမယ်။ ညွှန်ကြားချက်အရ ဘဏ်တစ်ခုကို အသက်အာမခံကုမ္ပဏီနှစ်ခုနဲ့ မိတ်ဖက်သဘောတူညီချက် ပြုလုပ်နိုင်ပြီး၊ MCB က CTLI ကို မိတ်ဖက် လုပ်ငန်းတစ်ခု အဖြစ် ရွေးချယ်ထားပါတယ်။ ဘဏ်အနေနဲ့ ရွေးချယ်မယ့် အသက်အာမခံအဖွဲ့အစည်းနဲ့ ၂၀၂၁ ရဲ့ တတိယသုံးလတာအတွင်း ရေရှည် မိတ်ဖက်သဘောတူညီချက် ပြုနိုင်ဖို့ RFP စတင် မတောင်းခံခင်မှာ ရွေးချယ်ထားတဲ့ ဘဏ်ခွဲတွေကနေ ဝန်ဆောင်မှုတွေကို ရောင်းချသွား ပါမယ်။” “MCB နဲ့ မြန်မာနိုင်ငံမှာရှိထားတဲ့ ဘဏ်ရဲ့စျေးကွက်အနေအထားကို ၂၀၂၃ ခုနှစ် နောက်ဆုံးထားပြီး လုံးဝပြောင်းလဲမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ customer တွေ၊ MCB 4.0 အသွင်းကူးပြောင်းရေးပရောဂျက်မှာ ပါဝင်သူတွေအတွက် future wealth management service ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပေါ်ပေါက်လာစေဖို့ ခုလို လုပ်ငန်းသစ်ကြီးတစ်ခုကို စတင်လိုက်တာဖြစ်ပါတယ်။” ဟူ၍ Mr. Swain ဆက်လက်ပြောကြားခဲ့ပါသည်။

MCB ဘဏ်အကြောင်း အကျဉ်းဖော်ပြချက်

၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံသားများဘဏ် (MCB) သည် နိုင်ငံအတွင်း တည်ထောင်ခဲ့သည့် ပထမဆုံး ပုဂ္ဂလိကဘဏ်များထဲမှ တစ်ခုဖြစ်ပြီး၊ ရန်ကုန်စတော့အိတ်ချိန်းတွင်လည်း ပထမဆုံး စာရင်းဝင်ဘဏ် ဖြစ်သည်။ မြန်မာ့ဘဏ်လုပ်ငန်း ကဏ္ဍတွင် အမြန်ဆန်ဆုံးသော တိုးတက်မှုနှုန်းများဖြင့် အောင်မြင်လျက်ရှိသည့်ဘဏ်တစ်ခုဖြစ်ပါသည်။ Commercial နှင့် SME ကဏ္ဍ များအား ယခင်ကတည်းက အလေးထားခဲ့သော MCB သည် နိုင်ငံအနှံ မြို့ကြီး ၂၆ မြို့တွင် ဖွင့်လှစ်ထားသည့် ဘဏ်ခွဲပေါင်း ၅၀ နီးပါးမှ တဆင့် ထုတ်ကုန်သစ်နှင့် ဝန်ဆောင်မှုအသစ်များအား စီစဉ်ပေးအပ်လျက် ဘဏ်၏ Corporate နှင့် Retail banking ပိုင်းအား လျင်လျင် မြန်မြန် တိုးချဲ့လျက်ရှိသည်။ MCB သည် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင်ဖြစ်သည့် International Financial Corporation (IFC) နှင့် အတိုင်ပင်ခံဆိုင်ရာ၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရေရှည်-စာချုပ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီး၊ နိုင်ငံတကာဘဏ် လုပ်ငန်းစံနှုန်းများ၊ ထိရောက်မှုအဆင့်၊ customer ဝန်ဆောင်မှုအဆင့်များနှင့် ကိုက်ညီရုံသာမက သာလွန်သည့် အဆင့်မြင့် universal banking model အဖြစ် ပုံဖော်၊ တည်ဆောက်နိုင်ရေး ၃ နှစ်တာ ပြုပြင် ပြောင်းလဲရေးခရီးစဉ်ကို စတင်လျက်ရှိပါသည်။ အခြားသော သတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက https://www.mcb.com.mm တွင် ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။

CTLI အကြောင်း အကျဉ်းဖော်ပြချက်

CTLI ၏ ကနဦးလုပ်ငန်းဖစ်သော Capital Life Insurance သည် ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပထမဆုံး ပေါ်ပေါက်ခဲ့သည့် အသက်အာမခံကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။ Capital Life Insurance နှင့် Taiyo Life Insurance ကုမ္ပဏီအကြား ဖက်စပ်လုပ်ငန်းသစ်တစ်ခုအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် အတည်ပြုခဲ့ပြီး၊ နောက်ပိုင်းတွင် Capital Taiyo Life Insurance (CTLI) အဖြစ် ပြောင်းလဲခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဇွန်လကုန်၌ CTLI တွင် လျင်မြန်စွာ တိုးများလာသော customer များအား ဝန်ဆောင်ပေးနေသည့် ရုံးခွဲ ၁၃ ခုပါသော မြန်မာကွန်ရက် ရှိနေပြီးဖြစ်သည်။ CTLI သည် corporate market နှင့် individual retail market နှစ်ခုစလုံးတွင် ခိုင်မာမှုရှိထားပြီး၊ ယင်းကဏ္ဍနှစ်ရပ်လုံးကိုလည်း လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါသည်။ CTLI အနေနှင့် ခေတ်မီအရောင်းပုံစံဖြင့် customer အင်အားစုတစ်ခု တည်ဆောက်ရေးတွင် အာရုံစိုက်လျက်၊ customer များမှ အချက်အလက်များ၊ ပေးချေမှုများအား ကိုယ်တိုင်ဝင်ရောက်ကြည့်ရှုနိုင်သည့် online application၊ feature အသစ်များအား စဉ်ဆက်မပြတ် မိတ်ဆက်ပေးခြင်းဖြင့် customer service အပေါ် အလေးထား လုပ်ကိုင်လျက်ရှိပါသည်။
အခြားသော သတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက https://www.capitaltaiyolife.com တွင် ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။

Taiyo Life Insurance ကုမ္ပဏီအကြောင်း အကျဉ်းဖော်ပြချက်

၁၈၉၃ ခုနှစ်တွင် စတင်တည်ထောင်သည့် Taiyo Life သည် ဂျပန်နိုင်ငံတွင် လက်ရှိ လုပ်ကိုင်နေသည့် စတုတ္ထမြောက် သက်တမ်း အရင့်ဆုံး သက်အာမခံကုမ္ပဏီ ဖြစ်သည်။ Taiyo Life သည် Tokyo Stock Exchange တွင် ၂၀၀၃ ၌ စာရင်းဝင်ဖြစ်ခဲ့ပြီး၊ ၄င်း၏ လက်အောက်ခံကုမ္ပဏီမှ ၂၀၀၄ တွင် စာရင်းဝင်ဖြစ်လာခဲ့ခြင်းနှင့်အတူ၊ ဂျပန်နိုင်ငံတွင် ဦးဆုံး အသက်အာမခံအုပ်စုအဖြစ် စာရင်းဝင်ခဲ့ သည့် T&D holdings ၏ လက်အောက်ခံကုမ္ပဏီ ဖြစ်ပါသည်။ Taiyo Life သည် ဂျပန်နိုင်ငံတနံတလျားတွင် ရုံးခွဲပေါင်း ၁၅၀ ခန့်ရှိထား သည့် ၄င်း၏ ကွန်ရက်မှတဆင့် လိုင်စင်ရ အာမခံအေးဂျင့်အင်အား ၈,၀၀၀ ခန့်ဖြင့် household market ရှိ customer များအတွက် အဓိကထား၍ ခေတ်မီ အာမခံဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ ၂၀၁၁ ခုနှစ်တွင် Taiyo Life သည် ၄င်း၏ ပထမဆုံး အာမခံ ထုတ်ကုန်အား bancassurance မှတဆင့် ရောင်းချခဲ့သည်။ ၂၀၁၉ တွင်မူ ဂျပန်ဘဏ်ကြီးများအပါအဝင် ဘဏ်ပေါင်း ၃၀ ကျော်နှင့် မိတ်ဖက်ဖြစ်ခဲ့သည်။ လက်ရှိတွင်လည်း ပင်ဆင်၊ ဆေးအာမခံ၊ ကာလရှည်ကားအာမခံ စသည်တို့အား ဝန်ဆောင်ပေးနေပါသည်။ တစ်နှစ် တာ စုစုပေါင်းပရီမီယံဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံ ဖြစ်ပြီး၊ ယင်းသည် bancassurance channel များမှတစ်ဆင့် ရောင်း ချရသည့် ဝန်ဆောင်မှု ၆၀,၀၀၀ ကျော်နှင့် ညီမျှသည်။ Taiyo life မှ ၄င်း၏ ကိုယ်စားလှယ်ရုံးအား မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်၌ ဖွင့် လှစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ဆေးကုသမှုဆိုင်ရာအာမခံပရောဂျက်အတွက် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာအာမခံမှ ပေးအပ် သည့် တစ်ဦးတည်းသော ဦးဆောင်အတိုင်ပင်ခံအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပြီး၊ အတိုင်ပင်ခံခြင်းကို ၅ နှစ်ကြာအောင် ဆောင်ရွက်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် မြန်မာ့အာမခံစျေးကွက်သို့ အပြည့်အဝ ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ်တွင် Capital Life Insurance (လက်ရှိတွင် Capital Taiyo Life Insurance) နှင့် ဖက်စပ်လုပ်ငန်းတစ်ခု စတင်ခဲ့သည်။

#MOU_Capital_Taiyo_Life_Insurance_and_Myanmar_Citizens_Bank
#CapitalTaiyoLifeInsurance
#YourLifelongCompanion