Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

“Capital Taiyo Life Insurance တွင် အသက်အာမခံထားရှိသော Covid-19 ‌‌‌ရောဂါခံစားနေရသူများအတွက် လူမှုရေးရန်ပုံငွေ အထောက်အပံ့ပေးအပ်ခြင်း”

July 8, 2020
Capital Taiyo Life Insurance Ltd တွင် (၁၅-၁-၂၀၁၈)နေ့၌ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံထားရှိသူ Covid-19 ရောဂါ လူနာအမှတ်(၂၁၆)သည် တောင်ဥက္ကလာပမြို့နယ် အထူးကုဆေးရုံကြီး၌လည်းကောင်း၊ (၀၉-၁၀-၂၀၁၈)နေ့တွင် နှစ်တိုငွေပင်ငွေရင်း အသက်အာမခံထားရှိသူသည် ဒူဘိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်စဉ် Covid-19 ရောဂါ ကူးစက်ခံရသဖြင့် ဒူဘိုင်းနိုင်ငံ Hind Humanitarian Quarantine Centre တွင် လည်းကောင်း ဆေးကုသမှုခံယူလျှက်ရှိပါသဖြင့် (၀၂ – ၀၇ – ၂၀၂၀) ရက်နေ့တွင် ရောဂါခံစားနေရသူ တစ်ဦးစီအတွက် ကျပ်(၂)သိန်းစီအား Capital Taiyo Life Insurance ၏ လူမှုရေးရန်ပုံငွေမှ လူမှုရေးထောက်ပံ့ငွေအဖြစ် ပေးအပ်ခဲ့ပါသည်။

Capital Taiyo Life Insurance Ltd သည် အသက်အာမခံထားရှိသူ Customer များအား မူလအသက်အာမခံပေါ်လစီပါအခွင့်အရေးများအပြင် အခြားလူမှုရေးထောက်ပံ့ငွေများ ထပ်မံခံစားခွင့် ပေးခြင်းဖြင့် ငွေကြေးဝန်ဆောင်မှု စိတ်ချလုံခြုံမှုရရှိပြီး Customer များအတွက် ကောင်းမွန်အကျိုးရှိ စေမည့် အသက်အာမခံအမျိုးအစားသစ်များနှင့် ဝန်ဆောင်မှုများပေးနိုင်ရန် အစဉ်ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါသည်။

အသက်အာမခံထားရှိမှုများနှင့်ပတ်သတ်ပြီး အသေးစိတ်အားစုံစမ်းမေးမြန်းလိုပါက
  • ရန်ကုန်ရုံးချုပ် – 09-970019900,09-961603090
  • တောင်ဥက္ကလာပရုံးခွဲ – 09-954433289, 09-954433295
  • မြောက်ဥက္ကလာပရုံးခွဲ – 09 953363605, 09 953363606
  • သာကေတရုံးခွဲ – 09 965513500, 09 953363610
  • မရမ်းကုန်းရုံးခွဲ – 09 977166370, 09 977166372
  • မန္တလေးရုံးခွဲ – 09-952003789, 09-256517877
  • နေပြည်တော်ရုံးခွဲ – 09-797688094,09-797688095
  • မော်လမြိုင်ရုံးခွဲ – 09-444411391,09-978026920
  • ပုသိမ်ရုံးခွဲ – 09-954433089
  • မုံရွာရုံးခွဲ – 09-403068627, 09-403068637
  • ပြည်ရုံးခွဲ – 09-965515900     တို့သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်။