ကျန်းမာရေးအာမခံ
ရည်ရွယ်ချက်
ကျန်းမာရေးအာမခံဆိုသည်မှာ အာမခံထားရှိသူအတွက်ဖြစ်စေ၊ သူ၏မိသားစုအတွက်ဖြစ်စေ အာမခံထားရှိသူ မမျှော်မှန်းနိုင်သော ကျန်းမာရေး အခြေအနေဆိုးများနှင့် ကြုံတွေ့ရင်ဆိုင်လာရသည့်အခါ အာမခံ အကျိုးခံစားခွင့်အနေဖြင့် ငွေကြေးအထောက်အပံ့နှင့် ဆေးကုသစရိတ်များအတွက် အကျိုးခံစားခွင့်ပေးအပ်သော အာမခံအမျိုးအစား ဖြစ်ပါသည်။ ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသရခြင်း၊ မတော်တဆမှုကြောင့်ဆေးရုံတက်ရခြင်း၊ သေဆုံးခြင်း၊ ခွဲစိတ်ကုသရခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းနှင့် ဆေးရုံ/ဆေးခန်းပြသခြင်းများအတွက် ငွေရေးကြေးရေး ကုန်ကျစရိတ်ကို စိုးရိမ်ပူပန် နေရသော ပြည်သူများအား ငွေကြေး အထောက်အပံ့နှင့် ဆေးကုသစရိတ်များ အကျိုးခံစားခွင့် ရရှိစေခြင်းဖြင့် သောကငြိမ်းအေးစေမည်ဖြစ်သည့်အပြင် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း အထောက်အကူပြုနိုင်ရန် ဖြစ်ပါသည်။အသက်ကန့်သတ်ချက်
အသက် ၆ နှစ် မှ ၇၅ နှစ် အတွင်း။ (အသက် (၆)နှစ် မှ (၁၈)နှစ်အထိအတွက် မိဘ/အုပ်ထိန်းသူမှ ထားရှိပေးနိုင်ပါသည်။)အာမခံသက်တမ်း
ပရီမီယံပေးသွင်းသည့်နေ့မှစ၍ (၁)နှစ် ဖြစ်ပါသည်။ဝယ်ယူနိုင်သည့်ယူနစ်
အနည်းဆုံး (၁) ယူနစ်မှ အများဆုံး (၂၅) ယူနစ်အထိ။
ပရီမီယံပေးသွင်းမှုစနစ်
| ပရီမီယံပေးသွင်းမှုစနစ် | |
| အစုအဖွဲ့လိုက် ကျန်းမာရေးအာမခံထားရှိမှု | လစဉ်ပေးသွင်းခြင်း၊ |
| ၃လတစ်ကြိမ် ပေးသွင်းခြင်း၊ | |
| ၆လတစ်ကြိမ် ပေးသွင်းခြင်း၊ | |
| တစ်နှစ်စာ တစ်လုံးတည်း ပေးသွင်းခြင်း၊ | |
| တစ်ဦးချင်း ကျန်းမာရေးအာမခံထားရှိမှု | |
| ၆လတစ်ကြိမ် ပေးသွင်းခြင်း၊ | |
| တစ်နှစ်စာ တစ်လုံးတည်း ပေးသွင်းခြင်း၊ |
| အာမခံ အစီအစဉ် | အာမခံ အကာအကွယ်များ | လျော်ကြေးပေးချေရမည့် အကြောင်းရင်း | (၁)ယူနစ်အတွက် အကျိုးခံစားခွင့် |
|---|---|---|---|
| Gold (၁)ယူနစ် |
|||
| ၁။ရောဂါကြောင့် ဆေးရုံတက်ခြင်း။ | |||
| ဆေးကုသရန် ရည်ရွယ်ချက်ဖြင့် ဆေးရုံတက်သည့်အခါ။ | ဆေးရုံတက်အကျိုးခံစားခွင့် : တစ်ရက်လျှင် ၁၀,၀၀၀/- ကျပ်။(သို့သော် အများဆုံး ၆၀၀,၀၀၀ ကျပ် × အာမခံထားသည့်ယူနစ်ပေါင်း) | ||
| ၂။မတော်တဆမှုကြောင့်ဆေးရုံတက်ခြင်း။ | |||
| ၃။သေဆုံးခြင်း။ | သေဆုံးသည့်အခါ။ | ၁,၀၀၀,၀၀၀/- ကျပ် | |
| ၄။ဆေးရုံ/ဆေးခန်း ပြသခြင်း။ | ဆေးကုသရန်ရည်ရွယ်ချက်ဖြင့် ဆေးရုံ/ဆေးခန်းပြသသည့်အခါ။ | ဆေးရုံ/ဆေးခန်း : (၁) ကြိမ် ပြသလျှင် တစ်ယူနစ် ၂,၅၀၀/-ကျပ်။(သို့သော် အများဆုံး ၁၀၀၀၀ ကျပ် × အာမခံထားသည့် ယူနစ်ပေါင်း) | |
| Platinum (၁)ယူနစ် |
|||
| ၁။ရောဂါကြောင့် ဆေးရုံတက်ခြင်း။ | |||
| ဆေးကုသရန် ရည်ရွယ်ချက်ဖြင့် ဆေးရုံတက်သည့်အခါ။ | ဆေးရုံတက်အကျိုးခံစားခွင့် : တစ်ရက်လျှင် ၁၀,၀၀၀/- ကျပ်။(သို့သော် အများဆုံး ၆၀၀,၀၀၀ ကျပ် × အာမခံထားသည့်ယူနစ်ပေါင်း) | ||
| ၂။မတော်တဆမှုကြောင့်ဆေးရုံတက်ခြင်း။ | |||
| ၃။သေဆုံးခြင်း။ | သေဆုံးသည့်အခါ။ | ၁,၀၀၀,၀၀၀/- ကျပ် | |
| ၄။ခွဲစိတ်ကုသခြင်း။ | တစ်ကိုယ်လုံးမေ့ဆေး (သို့မဟုတ်) ကိုယ်တစ်ပိုင်း ထုံဆေးဖြင့်ခွဲစိတ်ကုသမှုကို ခံယူသည့်အခါ။ | ခွဲစိတ်ကုသမှုအတွက် အမှန်တကယ် တိုက်ရိုက်ကုန်ကျစရိတ်။ (သို့သော်တစ်ယူနစ်အတွက် အနည်းဆုံး ၅သိန်းကျပ်။) | |
| ၅။ကိုယ်ဝန်ပျက်ကျခြင်း။ | သဘာဝအလျောက် ကိုယ်ဝန်ပျက်ကျခြင်း (သို့မဟုတ်) ရောဂါ ကြောင့်ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်ပြီး၊ ကိုယ်ဝန်ပျက်ကျမှု အတွက်ကုသခြင်းအဖြစ် ဆေးရုံတက်ပြီး ခွဲစိတ်မှု၊ ကုသမှုကိုပြုလုပ်သည့်အခါ။ |
ဝယ်ယူထားသည့် ယူနစ်နှင့် မဆိုင်ဘဲ(၃)သိန်းကျပ်။
ခွဲစိတ်ကုသခြင်း နှင့် ကိုယ်ဝန်ပျက်ကျခြင်း နှစ်ခုပေါင်းအတွက် ၅သိန်း ကျပ် × အာမခံ ထားသည့် ယူနစ်ပေါင်းကို စုစုပေါင်း အများဆုံးပေးချေနိုင်သည့် ပမာဏအဖြစ် သတ်မှတ်မည်။
|
|
| Diamond (၁)ယူနစ် |

| ၆။ဆေးရုံ/ဆေးခန်း ပြသခြင်း။ | ဆေးကုသရန်ရည်ရွယ်ချက်ဖြင့်ဆေးရုံ/ဆေးခန်းပြသသည့်အခါ။ | ဆေးရုံ/ဆေးခန်း : (၁) ကြိမ် ပြသလျှင် တစ်ယူနစ် ၂,၅၀၀/-ကျပ်။ (သို့သော် အများဆုံး ၁၀၀၀၀ ကျပ် × အာမခံထားသည့် ယူနစ်ပေါင်း) |
ပရီမီယံနှုန်းထား
ကျန်းမာရေးအာမခံ အစီအစဉ်အလိုက် (၁) ယူနစ်အတွက် ပရီမီယံနှုန်းထားများမှာ အောက်ပါဇယားအတိုင်း ဖြစ်ပါသည်။| အာမခံ အကာအကွယ် | အသက် | တစ်ဦးချင်းထားရှိမှု | |
|---|---|---|---|
| ၆လ တစ်ကြိမ်ပေး | တစ်လုံးတည်းပေး | ||
| Gold (၁)ယူနစ် |
|||
| ၆ ~ ၃၀ | ၁၀,၁၀၀ ကျပ် | ၁၉,၈၀၀ ကျပ် | |
| ၃၁ ~ ၄၀ | ၁၁,၈၀၀ ကျပ် | ၂၃,၁၀၀ ကျပ် | |
| ၄၁ ~ ၅၀ | ၁၃,၅၀၀ ကျပ် | ၂၆,၄၀၀ ကျပ် | |
| ၅၁ ~ ၆၀ | ၁၉,၁၀၀ ကျပ် | ၃၇,၄၀၀ ကျပ် | |
| ၆၁ ~ ၇၅ | ၃၅,၉၀၀ ကျပ် | ၇၀,၄၀၀ ကျပ် | |
| Platinum (၁)ယူနစ် |
|||
| ၆ ~ ၃၀ | ၁၄,၀၀၀ ကျပ် | ၂၇,၅၀၀ ကျပ် | |
| ၃၁ ~ ၄၀ | ၁၅,၇၀၀ ကျပ် | ၃၀,၈၀၀ ကျပ် | |
| ၄၁ ~ ၅၀ | ၁၇,၄၀၀ ကျပ် | ၃၄,၁၀၀ ကျပ် | |
| ၅၁ ~ ၆၀ | ၂၃,၀၀၀ ကျပ် | ၄၅,၁၀၀ ကျပ် | |
| ၆၁ ~ ၇၅ | ၃၉,၈၀၀ ကျပ် | ၇၈,၁၀၀ ကျပ် | |
| Diamond (၁)ယူနစ် |
|||
| ၆ ~ ၃၀ | ၁၈,၅၀၀ ကျပ် | ၃၆,၃၀၀ ကျပ် | |
| ၃၁ ~ ၄၀ | ၂၀,၂၀၀ ကျပ် | ၃၉,၆၀၀ ကျပ် | |
| ၄၁ ~ ၅၀ | ၂၁,၉၀၀ ကျပ် | ၄၂,၉၀၀ ကျပ် | |
| ၅၁ ~ ၆၀ | ၂၇,၅၀၀ ကျပ် | ၅၃,၉၀၀ ကျပ် | |
| ၆၁ ~ ၇၅ | ၄၄,၃၀၀ ကျပ် | ၈၆,၉၀၀ ကျပ် | |
ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန် ဆရာဝန်၏ ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာရှိပြီးသား ဖြစ်နေခြင်း။
သားဖွားခြင်း၊ ဗိုက်ခွဲမွေးခြင်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ခွဲစိတ်ကုသမှု။ သို့သော် အာမခံထားပြီးနောက် ကိုယ်ဝန်နှင့် အာမခံထားချိန်တွင် ပုံမှန်ဖြစ်နေသော ကိုယ်ဝန်ကြောင့် ဖြစ်လာသည့် တွဲဖက်ရောဂါများ (ကိုယ်ဝန် ဆိပ်သင့်ခြင်း၊ ကိုယ်ဝန်ဆောင် သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါစသည်တို့) ကြောင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်းသည် အကျိုးခံစားခွင့် ပေးချေရန် အကျုံးဝင်သည်။ ထို့အပြင် ကိုယ်ဝန်ပျက်ကျခြင်း သည် ရွေးချယ်နိုင်သည့် အာမခံ အကာအကွယ်(၁)ကို ဝယ်ယူထားပါက အကျိုးခံစားခွင့် ပေးချေရန် အကျုံးဝင် သည်။
စိတ်ပေါ့သွပ်ခြင်း(Psychosis)၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း(Mental Disorders)။
ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း။
သားသမီးရလိုမှုဖြင့် ဆေးရုံတက်ခြင်းနှင့်ခွဲစိတ်ကုသခြင်း။
မတော်တဆထိခိုက် ဒဏ်ရာရခြင်းမှအပ ဖြစ်သော သွားနှင့် ပတ်သက်သည့် ကုသမှုအတွက် ဖြစ်ခြင်း။
မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှအပ ဖြစ်သော မျက်မှန်အပါအဝင် မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊ အမြင်အာရုံ ကောင်းမွန်လာအောင် ပြုပြင်ရန် ဖြစ်ခြင်း။
အလှအပအတွက် ဖြစ်ခြင်း။
နားကြားကိရိယာတပ်ဆင်ရန်အတွက်ဖြစ်ခြင်း။
ကိုယ်ခန္ဓာ ချို့ယွင်းခြင်း (Physical Defect) (သို့မဟုတ်) မသန်စွမ်းခြင်း (Infirmity)။
မူးယစ်ဆေးဝါးသုံးစွဲခြင်း။
ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း။
AIDS/HIV ဖြစ်ခြင်း။
အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွားခြင်း (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း၊ စစ်တပ် (သို့မဟုတ်) အာဏာသိမ်းခြင်း နှင့် ဖော်ပြပါ အဖြစ်အပျက် တစ်ခုခု၏ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သော အကျိုးသက်ရောက်မှု တစ်ရပ်ရပ်ကြောင့် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း နီးကပ်စွာသော်လည်းကောင်း ဝေးလံစွာသော်လည်းကောင်းဖြစ်ပေါ်စေသော အားပေးသော၊ အခြေခံသော၊ ပေါ်ပေါက်သော မည်သည့် မတော်တဆဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)။
ရောဂါကြောင့်ဆေးရုံတက်ရက်ပေါင်းသည် ၃ ရက်နှင့်အောက်ဖြစ်သော ဆေးကုသမှုများ။
လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။
မိမိကိုယ်ကိုသတ်သေခြင်း(သို့မဟုတ်) မိမိကိုယ်ကို ဒဏ်ရာ အနာတရဖြစ်အောင် ပြုလုပ်ခြင်း။
Loading...