Medical Insurance Image
CAPITAL TAIYO MEDICAL INSURANCE

(ကပ်ပီတယ်(လ်)တိုင်ရို ဆေးကုသမှုအာမခံ)

Mascot Image

ရည်ရွယ်ချက်

အာမခံသက်တမ်းအတွင်း ပေါ်ပေါက်လာမည့် ဆေးရုံတက်ခြင်း၊ ဆေးခန်းပြသခြင်း၊ မျက်စိရောဂါဖြင့် ဆေးခန်းပြသခြင်း၊ သွားဖက်ဆိုင်ရာရောဂါဖြင့် ဆေးခန်းပြသခြင်း၊ သေဆုံးခြင်းနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းတို့ကို အကာအကွယ်ပေးသည့် အာမခံအမျိုးအစားဖြစ်ပါသည်။

အသက်ကန့်သတ်ချက်

အသက် (၆) လ မှ (၇၅) နှစ်အတွင်း။ (အာမခံထားသူသည်အသက် (၆) လ မှ (၁၈) နှစ်အတွင်းဖြစ်ပါက မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုကြောင်း ထောက်ခံချက် ကိုရရှိရန်လိုအပ်သည်။)

အာမခံသက်တမ်း

ပရီမီယံပေးသွင်းသည့်နေ့မှစ၍ (၁)နှစ် ဖြစ်ပါသည်။

ယူနစ်အရေအတွက် နှင့် အာမခံထားငွေပမာဏ

အခြေခံအာမခံအကာအကွယ် (Basic) သည် ၁ ယူနစ်မှစ၍ ၂၅ ယူနစ်အထိ ဖြစ်သည်။

ရွေးချယ်နိုင်သည့်အာမခံအကာအကွယ်(၁) (Option-1)သည် ၁ ယူနစ် မှစ၍ မိမိဝယ်ယူထားသည့် အခြေခံအာမခံအကာအကွယ်ယူနစ်အထိ ဝယ်ယူနိုင်သည်။

သို့သော် ရွေးချယ်နိုင်သည့်အာမခံအကာအကွယ် (၂) (Option-2) မှာမူ အာမခံထား‌ငွေပမာဏ ၁,၀၀၀,၀၀၀ ကျပ်မှစ၍ ၁၀၀,၀၀၀,၀၀၀ ကျပ်အတွင်း နှစ်သက်ရာ အာမခံထား‌‌ ငွေပမာဏကို ရွေးချယ်ဝယ်ယူနိုင်သည်။

ပရီမီယံပေးသွင်းခြင်း

အဖွဲ့အစည်းဖြင့် ဆေးကုသမှုအာမခံထားရှိပါက ပရီမီယံကြေးကို လစဉ်ပေး၊ သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်နှင့် တစ်နှစ်စာတလုံးတည်းပေး။

တစ်ဦးချင်းအနေဖြင့် ဆေးကုသမှုအာမခံထားမည်ဆိုပါက ပရီမီယံကြေးကို ခြောက်လတစ်ကြိမ်နှင့် တစ်နှစ်စာတလုံးတည်းပေး။

ပရီမီယံအရစ်ကျပေးချေခြင်းအတွက် စောင့်ဆိုင်းကာလ

ပရီမီယံအရစ်ကျပေးချေခြင်း (လစဉ်ပေး၊ သုံးလတစ်ကြိမ်နှင့် ခြောက်လ တစ်ကြိမ်) အတွက် စောင့်ဆိုင်းကာလမှာ ပရီမီယံကြေးပေးသွင်းရန် ရက်စေ့သည့် နေ့မှစ၍ နောက်တစ်လ၏ နောက်ဆုံးရက်အထိဖြစ်ပါသည်။ စောင့်ဆိုင်းကာလ အတွင်း ပရီမီယံပေးသွင်းခြင်း မရှိပါက ပေါ်လစီ ပျက်ပြယ်မည်ဖြစ်သည်။
CTLI Logo Image

Loading...