ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံ
ရည်ရွယ်ချက်
ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံဆိုသည်မှာ အာမခံထားသူသည် ဘဏ်(သို့မဟုတ်)ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ချေးငွေရယူပြီး၊ အာမခံကာလအတွင်း သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံကုမ္ပဏီမှအာမခံထားငွေကို ဘဏ်(သို့မဟုတ်)ငွေရေးကြေးရေးအဖွဲ့အစည်းသို့ပေးလျှော်သည့် အသက်အာမခံ အမျိုးအစားဖြစ်ပါသည်။အသက်ကန့်သတ်ချက်
အသက် (၁၈)နှစ် မှ (၆၂)နှစ်အတွင်း။အာမခံသက်တမ်း
(၃)နှစ် မှ (၁၅)နှစ် အတွင်း။အာမခံထားငွေ
အနည်းဆုံး (၁၀)သိန်းကျပ် မှ အများဆုံး ကျပ်သိန်းပေါင်း (၁၀၀၀) ကျပ်အထိ အာမခံထားရှိနိုင်သည်။ပရီမီယံပေးသွင်းခြင်း
ပရီမီယံကို တစ်လုံးတည်း ပေးသွင်းရမည်။အာမခံထားငွေပုံစံ
အာမခံထားငွေ တစ်ဖြည်းဖြည်းလျှော့ချသည့် ပုံစံ
သေဆုံးမှုအကျိုးခံစားခွင့် (Death Benefit)
ထာ၀စဥ်မသန်စွမ်းအကျိုးခံစားခွင့် (Total Permanent Disability Benefit)
သေဆုံးမှုအကျိုးခံစားခွင့် (Death Benefit)
အာမခံသက်တမ်းအတွင်း အာမခံထားသူသေဆုံးခဲ့လျှင် အာမခံကုမ္ပဏီအနေဖြင့် “လျှော့ချထားသော အာမခံထားငွေဇယား” တွင်ဖော်ပြထားသည့် အာမခံထားသူ သေဆုံးချိန်နှင့်သက်ဆိုင်သော အာမခံထားငွေကို တလုံးတည်း ထုတ်ပေးပါမည်။
သေဆုံးမှုအကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ်/ ငွေရေးကြေးရေးအဖွဲ့အစည်းကသာ လျှောက်ထားရမည်ဖြစ်ပြီး အာမခံ အကျိုးခံစားခွင့်ကိုလည်း ယင်းဘဏ်/ငွေရေးကြေးရေး အဖွဲ့အစည်းသို့သာ ထုတ်ပေးပါမည်။
အကယ်၍ ပေးဆပ်ရမည့် အရစ်ကျချေးငွေကို မပေးဆပ်ဘဲ ကျန်ရှိခဲ့လျှင် အဆိုပါ ပေးဆပ်ရန်ကျန်သောငွေများအတွက် အာမခံကုမ္ပဏီမှ တာဝန်ယူမည် မဟုတ်ပါ။
ထာ၀စဥ်မသန်စွမ်းအကျိုးခံစားခွင့် (Total Permanent Disability Benefit)
အာမခံသက်တမ်းအတွင်း အာမခံထားသူသည် ထိခိုက်မှုကြောင့်သော်လည်းကောင်း၊ ရောဂါကြောင့်သော်လည်းကောင်း ထာ၀စဥ်မသန်စွမ်းဖြစ်၍ ဝင်ငွေရရှိသော အလုပ်အကိုင်ကို လုံးဝမလုပ်ကိုင်နိုင်လျှင် “လျှော့ချထားသော အာမခံထားငွေဇယား” တွင် ဖော်ပြထားသော အာမခံထားသူထာ၀စဥ်မသန်စွမ်းဖြစ်ချိန်နှင့် သက်ဆိုင်သည့် အာမခံထားငွေကို တလုံးတည်း ထုတ်ပေးပါမည်။
ထာ၀စဥ်မသန်စွမ်းအကျိုးခံစားခွင့်ကို အကျိုးခံစားခွင့်လွှဲပြောင်းခံရသည့် ဘဏ်/ ငွေရေးကြေးရေးအဖွဲ့အစည်းကသာ လျှောက်ထားရမည်ဖြစ်ပြီး အာမခံ အကျိုးခံစားခွင့်ကိုလည်း ယင်းဘဏ်/ငွေရေးကြေးရေး အဖွဲ့အစည်းသို့သာ ထုတ်ပေးပါမည်။
အကယ်၍ ပေးဆပ်ရမည့် အရစ်ကျချေးငွေကို မပေးဆပ်ဘဲ ကျန်ရှိခဲ့လျှင် အဆိုပါ ပေးဆပ်ရန်ကျန်သောငွေများအတွက် အာမခံကုမ္ပဏီမှ တာဝန်ယူမည် မဟုတ်ပါ။ထာဝစဉ်မသန်စွမ်းမှုဖြစ်ခြင်းဆိုသည်မှာအောက်ဖော်ပြပါ ဖြစ်ရပ်မျိုးကို ဆိုလိုသည်။
ပရီမီယံတစ်ကြိမ်ပေး ချေးငွေအသက်အာမခံထားခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ
မမျှော်လင့်သောဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာ၀စဥ်မသန်စွမ်းဖြစ်ခဲ့လျှင် ငွေချေးသည့် ဘဏ်/ငွေရေးကြေးအဖွဲ့အစည်းမှ ချေးငွေ ပြန်လည် ရရှိ ခြင်း။
မမျှော်လင့်သောဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာ၀စဥ်မသန်စွမ်းဖြစ်ခဲ့လျှင် ၎င်း၏ကျန်ရစ်သူ မိသားစုအနေ ဖြင့် အရစ်ကျ၀ယ်ယူထားသော ပိုင်ဆိုင်မှုအတွက် ဆက်လက်ပေးဆပ်ရန် ပူပန်စရာမလို ခြင်း။
ပေးသွင်းသည့် ပရီမီယံပေါ်တွင် ၀င်ငွေခွန်သက်သာခွင့်ရှိ ခြင်း။
ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရ ဖြစ်အောင် လုပ်ခြင်းကြောင့် ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
မိမိကိုယ်ကိုသတ်သေ ခြင်းကြောင့် မသေဘဲ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
Loading...