နှစ်တို ငွေပင်ငွေရင်း အသက်အာမခံ
နှစ်တိုငွေပင်ငွေရင်းအသက်အာမခံဆိုသည်မှာ အာမခံထားရှိသူ အတွက်ဖြစ်စေ၊ သူ၏မိသားစုအတွက်ဖြစ်စေ၊ ငွေစုဆောင်းပေးပြီး ပေးသွင်းထားသည့် ပရီမီယံပမာဏထက် ပိုမိုသောအာမခံအကျိုးခံစားခွင့်ငွေ ရရှိနိုင်မည့်အပြင် မမျှော်မှန်းနိုင်သော အသက်အန္တရာယ်၊ထာ၀စဥ်မသန်စွမ်းခြင်းနှင့် ကြုံတွေ့သောအခါတွင်လည်း ငွေကြေးအကာအကွယ်ပေးသော အာမခံအမျိုးအစား ဖြစ်ပါသည်။
ရည်ရွယ်ချက်
- မျှော်လင့်မထားသောဖြစ်ရပ်များကြုံတွေ့ပါက ငွေကြေးအထောက်အပံ့ရစေရန်။
- ကာလတစ်ခုကုန်ဆုံးချိန်တွင် မျှော်မှန်းထားသည့် ငွေပမာဏစုဆောင်းမိစေရန်။
နှစ်တိုငွေပင်ငွေရင်းအသက်အာမခံထားခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများ
- ချွေတာစုဆောင်းသည့် အလေ့အထကောင်းရစေခြင်း။
- မမျှော်လင့်သောဖြစ်ရပ်ဆိုးများနှင့်ကြုံခဲ့သော် မိသားစုအတွက်ငွေကြေးအထောက်အပံ့ ရစေခြင်း။
- ပေးသွင်းရသည့်ပရီမီယံပမာဏထက် ပိုမိုသောအာမခံအကျိုးခံစားခွင့်ငွေ ရနိုင်ခြင်း။
- ၀င်ငွေခွန်သက်သာခြင်း။
- အာမခံနှစ်စေ့ကြေးပေါ်တွင် အခွန်ကင်းလွတ်ပိုင်ခွင့်ရှိခြင်း။
- အာမခံမှရရှိသည့် အကျိုးခံစားခွင့်ကို မည်သည့်အကြွေးရှင်မှ ၀ရမ်းမကပ်နိုင်ခြင်း။
အာမခံထားသူ၏အသက်ကန့်သတ်ချက် | အသက်(၁၀)နှစ်မှ (၆၀)နှစ်အတွင်းရှိရပါမည်။ အာမခံထားသူသည် အသက်(၁၀)နှစ်မှ (၁၈)နှစ်အတွင်းရှိသူဖြစ်လျှင် မိဘ/အုပ်ထိန်းသူ၏ ခွင့်ပြုချက်စာဖြင့် အသက်အာမခံထားရှိနိုင်ပါသည်။ |
အာမခံသက်တမ်း | အာမခံသက်တမ်းကို ၅နှစ် (သို့မဟုတ်) ၇နှစ် (သို့မဟုတ်) ၁၀နှစ် ထားနိုင်ပါသည်။ |
အာမခံထားနိုင်သည့်ငွေပမာဏ | အနည်းဆုံး ကျပ် (၁၀)သိန်းမှ အများဆုံး ကျပ်သိန်း(၅၀၀)ထိ အာမခံထားနိုင်ပါသည်။ |
ပရီမီယံနှုန်း | အာမခံထားသူအသက်၊အာမခံသက်တမ်းနှင့်ထားငွေတို့အပေါ်မူတည်၍တွက်ချက်ပါသည်။ |
ပရီမီယံပေးသွင်းခြင်း | ပရီမီယံကို ၁လတစ်ကြိမ်၊ ၃လတစ်ကြိမ်၊ ၆လတစ်ကြိမ်၊ ၁၂လတစ်ကြိမ် အရစ်ကျ ပေးသွင်းနိုင်သည်။ |
အကျိုးခံစားခွင့်လွှဲပြောင်းခြင်း | နှစ်တိုငွေပင်ငွေရင်းအသက်အာမခံထားသူတစ်ဦးအနေဖြင့် အာမခံအကျိုးခံစားခွင့်အား မည်သူ့ကိုမဆို တစ်ဦးတည်းဖြစ်စေ (သို့) တစ်ဦးထက်ပို၍ဖြစ်စေ ကြိုက်နှစ်သက်ရာ ရာခိုင်နှုန်းအချိုးအစားအလိုက် လွှဲပြောင်းပေးနိုင်ပါသည်။ |
နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ ပေါ်လစီအကျိုးခံစားခွင့်များ
နှစ်တိုငွေပင်ငွေရင်း အသက်အာမခံထားသူတစ်ဦးအနေဖြင့် အောက်တွင်ဖော်ပြထားသည့် အကျိုးခံစားခွင့်များ ရနိုင်ခွင့်ရှိပါသည်။
- နှစ်စေ့အကျိုးခံစားခွင့် (Maturity Benefit)
- သေဆုံးမှုအကျိုးခံစားခွင့် (Death Benefit)
- ထာ၀စဥ်မသန်စွမ်းအကျိုးခံစားခွင့် (Total Permanent Disability Benefit)
အကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ
အာမခံထားသူသည် အောက်ဖော်ပြပါအကြောင်းကိစ္စများကြောင့် သေဆုံးခဲ့လျှင် 'သေဆုံးမှုအကျိုး ခံစားခွင့် (Death Benefit)' အား ရခွင့်မရှိပါ။ ပေးသွင်းပြီး ပရီမီယံကိုသာပြန်ထုတ်ပေးမည်ဖြစ်ပါသည်။
- အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း။
- အာမခံဝယ်ယူစဉ်ကဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း သေဆုံးခြင်း။
အာမခံထားသူတစ်ဦးသည် အောက်ဖော်ပြပါအကြောင်းကိစ္စများကြောင့် ထာ၀စဉ်လုံး၀မသန်စွမ်းဖြစ်ခဲ့လျှင် 'ထာ၀စဉ်လုံး၀မသန်စွမ်းဖြစ်မှုအကျိုးခံစားခွင့် (Permanent Total Disability Benefit)' အား ရခွင့်မရှိပါ။ ပေးသွင်းပြီး ပရီမီယံကိုသာပြန်ထုတ်ပေးမည်ဖြစ်ပါသည်။
- ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းကြောင့်ဖြစ်သည့် ထာ၀စဉ်လုံး၀မသန်စွမ်းဖြစ်ခြင်း။
- မိမိကိုယ်ကိုသတ်သေခြင်းကြောင့်မသေဘဲ ထာ၀စဉ်လုံး၀မသန်စွမ်း ဖြစ်ခြင်း။
- မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်သည့် ထာ၀စဉ်လုံး၀မသန်စွမ်းဖြစ်ခြင်း။
- ဘေးအန္တရာယ်ဖြစ်စေသောဆေးကိုမှီဝဲခြင်းကြောင့်ဖြစ်သည့် ထာ၀စဉ်လုံး၀မသန်စွမ်းဖြစ်ခြင်း။
- ကိုယ်တိုင်ရာဇ၀တ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်သည့် ထာ၀စဉ်လုံး၀မသန်စွမ်းဖြစ်ခြင်း။
- အာမခံ၀ယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သောရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း ထာ၀စဉ်လုံး၀မသန်စွမ်းဖြစ်ခြင်း။