Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ပရီမီယံတစ်ကြိမ်ပေးနှစ်တိုချေးငွေအသက်အာမခံ

ပရီမီယံတစ်ကြိမ်ပေးနှစ်တိုချေးငွေအသက်အာမခံ

ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံဆိုသည်မှာအာမခံထားသူသည် ဘဏ်(သို့မဟုတ်) ငွေရေး‌ကြေးရေးအဖွဲ့အစည်းများမှ ချေးငွေရယူပြီး အာမခံကာလအတွင်း သေဆုံးခြင်း၊ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံကုမ္ပဏီမှအာမခံထားငွေကို ဘဏ်(သို့မဟုတ်)ငွေရေးကြေးရေးအဖွဲ့အစည်းသို့ပေးလျှော်သည့် အသက်အာမခံ အမျိုးအစားဖြစ်ပါသည်။

အသက်အရွယ်ကန့်သတ်ချက်အသက် (၁၈)နှစ် မှ (၆၅)နှစ်ထိ

(အသက်(၆၄)နှစ်ရှိသူများသည် (၁)နှစ် သက်တမ်းသာ အာမခံထားရှိနိုင်မည်ဖြစ်ပါသည်။)
အာမခံသက်တမ်း၁ နှစ် (သို့မဟုတ်) ၂ နှစ်
အာမခံထားငွေ၁၀၀,၀၀၀ ကျပ် မှ ၁၀၀,၀၀၀,၀၀၀ ကျပ်ထိ
၁။ ၁၀၀,၀၀၀ - ၃,၀၀၀,၀၀၀ ကျပ်ထိ (ဆေးစစ်စရာမလိုပါ)
ကျန်းမာကြောင်း ဝန်ခံချက် ဖြည့်စွက်ပေးရမည်။
၂။ ၃,၀၀၀,၀၀၁ကျပ် မှစ၍ (ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်ပါသည်) ဆေးစစ်ရပါမည်။
အာမခံထားငွေပုံစံ ၁။ အာမခံထားငွေ တစ်ဖြည်းဖြည်းလျှော့ချသည့် ပုံစံ
၂။ ပုံသေအာမခံထားငွေပုံစံ
ပရီမီယံပေးသွင်းခြင်းပရီမီယံကို တစ်လုံးတည်း ပေးသွင်းရမည်။
ပရီမီယံနှုန်း အာမခံထားသူ၏အသက်၊အာမခံသက်တမ်းနှင့်အာမခံထားငွေ အမျိုးအစားအပေါ်မှုတည်၍ တွက်ချက်ပေးပါသည်။
အာမခံအကျိုးခံစားခွင့်၁။ သေဆုံးခြင်း
၂။ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း

ကျန်းမာရေးစစ်ဆေးခြင်း
* အာမခံကုမ္ပဏီမှ ဆေးစစ်ခကုန်ကျစရိတ် ကျခံပါမည်။ *

ပရီမီယံတစ်ကြိမ်ပေးနှစ်တိုချေးငွေအသက်အာမခံထားခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ

  • မမျှော်လင့်သောဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် ငွေချေးသည့် ဘဏ်/ငွေရေး‌ြကေးရေးအဖွဲ့အစည်း/အသေးစားငွေချေးလုပ်ငန်းများမှ ချေးငွေ ပြန် လည် ရရှိခြင်း။
  • မမျှော်လင့်သောဖြစ်ရပ်‌ကြောင့် ငွေချေးယူသူ သေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် ၎င်း၏ကျန်ရစ်သူ မိသားစုအနေ ဖြင့် အရစ်ကျဝယ်ယူထားသော ပိုင်ဆိုင်မှုအတွက် ဆက်လက်ပေးဆပ်ရန် ပူပန်စရာမလိုခြင်း။
  • ပေးသွင်းသည့် ပရီမီယံပေါ်တွင် ဝင်ငွေခွန်သက်သာခွင့်ရှိခြင်း။

အကျိုးခံစားခွင့်လွှဲပြောင်းခြင်း

  • အကျိုးခံစားခွင့် လွှဲ‌ပြောင်းခြင်းခံရသူ ဆိုသည်မှာ အသက်အာမခံပေါ်လစီတွင် အာခံထားသူ သေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း‌ကြောင့် ရရှိမည့် အကျိုးခံစားခွင့်ကို တရားဝင် ထုတ်ယူခံစားပိုင်ခွင့်ရှိသော အာမခံစာချုပ်တွင် ရေးသားဖော်ပြထားသည့် လူပုဂ္ဂိုလ် တစ်ဦး(သို့မဟုတ်) တရားဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ရည်ညွှန်းပါသည်။
  • ပရီမီယံတစ်ကြိမ်ပေး နှစ်တိုချေးငွေအသက်အာမခံ ပေါ်လစီရှင် တစ်ဦးအနေ ဖြင့် အာမခံအကျိုးခံစားခွင့်အား အဆိုလွှာတွင်ဖော်ပြထားသည့် ငွေချေးပေးသည့်ဘဏ်/ငွေရေး‌
    ကြေးရေး အဖွဲ့အစည်း/အသေးစားငွေချေးလုပ်များသို့သာ လွှဲ‌ြပောင်းပေးရမည်ဖြစ်သည်။
  • အကယ်၍ အာမခံထားသူ သေဆုံးချိန်/ထာဝစဉ်မသန်စွမ်းဖြစ်ချိန်နှင့်သက်ဆိုင်သော ရရှိမည့်အကျိုးခံစားခွင့်များသည် ထိုအချိန်တွင် ပေးဆပ်ရန်ကျန်ရှိနေသော ချေးငွေပမာဏထက်များနေလျှင် ထိုပိုနေသောအကျိုးခံစားခွင့်များကို ပေါ်လစီရှင်ထံသို့ ထုတ်ပေးမည် ဖြစ်ပါသည်။

အကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ

  1. ပေးဆပ်ရမည့် အရစ်ကျချေးငွေကို မပေးဆပ်ပဲ ကျန်ရှိနေခဲ့လျှင် အဆိုပါ ပေးဆပ်ရန် ကျန်သော ငွေများအတွက် အာမခံကုမ္ပဏီမှ တာဝန်ယူမည်မဟုတ်ပါ။
  2. အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများ‌ကြောင့် သေဆုံးခဲ့လျှင်သော်လည်းကောင်း၊ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့လျှင်သော်လည်းကောင်း အာမခံအကျိုးခံစားခွင့်များအား ရခွင့်မရှိပါ။ ပေးသွင်းပြီး ပရီမီယံကိုသာ ပြန်ထုတ်ပေးမည်ဖြစ်ပါသည်။
    1. ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရ​ဖြစ်အောင် ပြုလုပ်ခြင်း။
    2. မိမိကိုယ်ကို သတ်သေ ခြင်း‌ကြောင့် ဖြစ်ခြင်း။
    3. မူးယစ်ဆေးဝါးသုံးစွဲ ခြင်း‌ကြောင့် ဖြစ် ခြင်း။
    4. ဘေးအန္တရယ် ဖြစ်စေသော ဆေးကိုမှီဝဲခြင်းကြောင့် ဖြစ်ခြင်း။
    5. ကိုယ်တိုင်ရာဇဝတ်မူ ကျူးလွန်ခြင်း‌ကြောင့် ဖြစ်ခြင်း။
    6. အာမခံဝယ်ယူစဉ်က ဖော်ပြရန် ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါ‌ကြောင့် ဖြစ်ခြင်း။

Premium per 1,000,000 Sum Insured

Reducing Sum Insured

Policy term
Age12
183,9006,900
204,2007,300
254,9008,700
305,90010,700
357,20013,200
408,40015,400
459,60017,700
5011,60021,600
5515,10028,500
6022,20042,300
6431,800-

Fixed Sum Insured

Policy term
Age12
185,0009,000
205,4009,800
256,60012,300
308,60016,100
3510,80020,500
4013,00024,500
4515,10028,700
5018,60035,800
5525,00048,500
6037,60073,800
6454,700-

Sum Insured (Reducing Type)

Policy Term
Month1 year2 years
11,000,0001,000,000
2921,200963,000
3841,700925,600
4761,300887,900
5680,100849,800
6598,100811,300
7515,200772,400
8431,500733,100
9347,000693,400
10261,500653,300
11175,200612,800
1288,000517,800
Policy Term
Month1 year2 years
13-530,500
14-488,700
15-446,500
16-403,900
17-360,800
18-317,300
19-273,300
20-228,900
21-184,000
22-138,700
23-92,900
24-46,700