Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြို့တော်အသက်အာမခံနှင့် တိုင်ရို အသက်အာမခံကုမ္ပဏီတို့ Business Alliance ဆောင်ရွက်ခြင်း

October 25, 2019

အောက်တိုဘာလ၊ (၂၅) ရက်၊ (၂၀၁၉) ခုနှစ် - မြို့တော်အသက်အာမခံကုမ္ပဏီ နှင့် တိုင်ရိုအသက်အာမခံ ကုမ္ပဏီတို့၏ Business Alliance ဆောင်ရွက်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ယနေ့ ညနေ(၅)နာရီတွင် ရန်ကုန်မြို့ Melia Hotel ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro Maruyama ၊ Capital Diamond Star Group ၏ Chairman ဦ:ကိုကိုကြီး၊ တိုင်ရိုအသက်အာမခံ ကုမ္ပဏီ ၏ Chairman Mr. Katsuhide Tanaka ၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်၊ မြန်မာနိုင်ငံ အာမခံအသင်း ဥက္ကဌ၊ မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြို့တော်အသက်အာမခံကုမ္ပဏီသည် ကုမ္ပဏီစတင်တည်ထောင်သည့် အချိန်မှစ၍ (၆) နှစ်တာ ကာလအတွင်း ရုံးချုပ် အပါအဝင် ရုံးခွဲ(၁၀)ရုံးကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး ဈေးကွက်အတွင်း ငွေပင်ငွေရင်း အသက်အာမခံအမျိုးအစားနှင့် Protection Type အသက်အာမခံအမျိုးအစားများကို ဦးဆောင်ထိုးဖောက် ဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါသည်။ နောင်အနာဂတ်ကာလများအတွင်း ရုံးခွဲသစ်များကို မြို့ပြဒေသများတွင်သာမက ကျေးလက်ဒေသများတွင်ပါ တိုးချဲ့ဖွင့်လှစ်ပြီး အသက်အာမခံလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်သွားရန် အစီအစဉ် စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

Business Alliance အဖြစ်ဆောင်ရွက်မည့် တိုင်ရိုအသက်အာမခံကုမ္ပဏီ သည် ဂျပန်နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း (၁၂၅) နှစ်ကျော်မှ စတင်၍ အသက်အာမခံလုပ်ငန်း တစ်မျိုးတည်းကိုသာ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နေသော၊ Customer များ၏ ယုံကြည်အားထားမှုကို အခိုင်အမာရရှိထားသော၊ တောင့်တင်းခိုင်မာသော အသက်အာမခံကုမ္ပဏီကြီး တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အသက်အာမခံဈေးကွက် သို့ ဝင်ရောက်ရန် အထူးစိတ်ဝင်စားသော ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးဂျပန်အသက်အာမခံ Representative Office ကို ဖွင့်လှစ်ခဲ့သော ဂျပန်ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါသည်။

တိုင်ရိုအသက်အာမခံကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အသက်အာမခံဈေးကွက် အနေအထားကို ထဲထဲဝင်ဝင် လေ့လာသိရှိထားပြီး မြန်မာနိုင်ငံအပေါ် High Commitment ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ တိုင်ရိုအသက်အာမခံကုမ္ပဏီကြီးသည် ဂျပန်နိုင်ငံအတွင်း လူနေအိမ်ခြေများသို့ အသက်အာမခံပေါ်လစီများ ရောင်းချရာတွင် အထူးကျွမ်းကျင်သော အရောင်းနည်းပညာများ အသုံးချဆောင်ရွက်နေသည့် ကုမ္ပဏီကြီး ဖြစ်သဖြင့် ထိုသို့ ရောင်းချသော နည်းပညာသည် မြန်မာနိုင်ငံ အာမခံဈေးကွက်တွင် အောင်မြင်နိုင်သော အဓိက နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ထိုကဲ့သို့ ယုံကြည်မှုများရရှိထားသော၊ တောင့်တင်း ခိုင်မာသော အသက်အာမခံကုမ္ပဏီဖြစ်ခြင်း၊ အာမခံပညာရပ်များကို ကျွမ်းကျင်နားလည်ပြီး အရောင်းနည်းပညာ စနစ်ကောင်းများရှိခြင်း၊ မြန်မာနိုင်ငံ အသက်အာမခံဈေးကွက်အနေအထားကို နားလည်ခြင်း တို့ကြောင့် မြို့တော်အသက်အာမခံကုမ္ပဏီ သည် တိုင်ရိုအသက်အာမခံကုမ္ပဏီကို ဖက်စပ်လုပ်ငန်း လုပ်ကိုင်ဖက် အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။

ယနေ့သည် မြို့တော်အသက်အာမခံကုမ္ပဏီနှင့် တိုင်ရိုအသက်အာမခံကုမ္ပဏီတို့အတွက် နောင်အနာဂတ်တွင် အောင်မြင်သော မြန်မာနိုင်ငံ၏ ပထမတန်း အသက်အာမခံကုမ္ပဏီဖြစ်ရန် ပူးပေါင်းဆောင်ရွက်ခြင်းကို မဏ္ဏိုင်စိုက်ထူနိုင်သော မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာန၏ Market Liberalization ဖော်ဆောင်သည့် လမ်းညွှန်ချက်များနှင့် အညီ နိုင်ငံခြားအာမခံကုမ္ပဏီများကို ၂၀၁၉ ခုနှစ် နှစ်ဆန်းတွင် ဈေးကွက်အတွင်း ဝင်ရောက်ခွင့်ပြုသည့်အချိန် မှစ၍ မြို့တော်အသက်အာမခံကုမ္ပဏီနှင့် တိုင်ရိုအသက်အာမခံကုမ္ပဏီ တို့သည် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်တွင် Successful Applicant များအဖြစ် ရွေးချယ်ခဲ့ရပြီး ဖြစ်ပါသည်။

မြို့တော်အသက်အာမခံကုမ္ပဏီနှင့် တိုင်ရိုအသက်အာမခံကုမ္ပဏီ ပူးပေါင်းဆောင်ရွက် ရသည့် ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံအတွင်း အာမခံဈေးကွက် ပိုမိုတွင်ကျယ်လာစေရန်၊ ပြည်သူလူထုအကြား အာမခံအသိပညာ များပိုမိုသိရှိလာစေရန်၊ ဆန်းသစ်ပြီး ပိုမိုကောင်းမွန်သော အသက်အာမခံအမျိုးအစားသစ်များကို တီထွင်ပြီး ဈေးကွက်အတွင်း အာမခံဝန်ဆောင်မှုများဖြင့် မိတ်ဆက်ပေးရန်နှင့် မြန်မာနိုင်ငံရှိ ပြည်သူလူထုများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်ထားရှိပါတယ်။ တိုင်ရိုအသက်အာမခံကုမ္ပဏီ၏ ဂျပန်နိုင်ငံတွင် နှစ်ပေါင်းတစ်ရာကျော် ရရှိထားသော အတွေ့အကြုံနည်းလမ်းကောင်းများ နည်းစနစ်များကို မြန်မာနိုင်ငံအတွင်း အသုံးချဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ လူ့အရင်းအမြစ်များ တိုးတက်အောင် ဆောင်ရွက်သွားပါမယ်” ဟု Capital Diamond Star Group ၏ Group Managing Director ဦးကိုကိုကြီး မှ ပြောကြားခဲ့ပါသည်။

ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတွင် အသက်အာမခံကိုပျံ့နှံ့စေပြီး ပြည်သူပြည်သား အားလုံးကို စိတ်အေးချမ်းသာမှုပေးစွမ်းမည်ဆိုတဲ့ တာဝန်ကို အတူတကွထမ်းဆောင်သွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့သည် မြန်မြန်ဆန်ဆန် ဈေးကွက်စူးစမ်းမှုလုပ်ဆောင်ခဲ့ပြီး ဒီတိုင်းပြည်မှာ အသက်အာမခံ လိုအပ်ချက်မြင့်မားစွာရှိနေတယ် ဆိုတဲ့ ယုံကြည်မှု ခိုင်မာသွားခဲ့ပါတယ်။ တဖန် ကုမ္ပဏီ ၂ ခုစလုံးရဲ့ Knowhow ကို ပေါင်းစပ်လိုက်မယ်ဆိုရင် ကြီးမားသော အောင်မြင်မှုရရှိမယ်လို့လည်းယုံကြည်ပါတယ်။” ဟု Mr. Tanaka, Taiyo Life Chairman မှ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး “အနာဂတ်မှာ Capital Life ကုမ္ပဏီနှင့် Taiyo Life ကုမ္ပဏီရဲ့ပူးပေါင်းမှုက ပိုမိုအကျိုးရလဒ်ဖြစ်ထွန်းစေပြီး အောင်မြင်မှု ရရှိစေဖို့ရာ အချက် ၃ ချက်လိုအပ်တယ်လို့ စဉ်းစားမိပါတယ်။ ပထမအချက်က အရောင်းစနစ် တိုးချဲ့ခြင်း၊ ဒုတိယအချက်က အာမခံကုန်ပစ္စည်းအသစ်တီထွင်ဖန်တီးခြင်း၊ တတိယအချက်က IT နည်းပညာကိုအသုံးချခြင်းပဲ ဖြစ်ပါတယ်။ အဲလိုမျိုးကျွန်တော်တို လုပ်ငန်းပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် မြန်မာနိုင်ငံမှာ နံပါတ် ၁ အသက်အာမခံကုမ္ပဏီဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဆီသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် လုပ်ဆောင်သွားချင်ပါတယ်။” ဟု Mr. Soejima, Taiyo Life President မှ ပြောကြားခဲ့ပါသည်။

မြို့တော်အသက်အာမခံကုမ္ပဏီသည် (၂၀၁၃) ခုနှစ်၊ ဇွန်လတွင် အသက်အာမခံ လုပ်ငန်းလိုင်စင် စတင်ရရှိခဲ့ပြီး ငွေပင်ငွေရင်းအသက်အာမခံ၊ စုပေါင်းအသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ ခရီးသွားအာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ပညာရေးအသက်အာမခံ နှင့် ချေးငွေအသက် အာမခံလုပ်ငန်းများကို မြန်မာပြည်အတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မိဘပြည်သူများထံသို့ အာမခံဝန်ဆောင်မှုများကို စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ပေးလျှက်ရှိပါသည်။

တိုင်ရိုအသက်အာမခံကုမ္ပဏီကြီးသည် ဂျပန်နိုင်ငံအတွင်း လူနေအိမ်ခြေများသို့ အသက်အာမခံပေါ်လစီများ ရောင်းချရာတွင် အထူးကျွမ်းကျင်သော အရောင်းနည်းပညာများ အသုံးချဆောင်ရွက်နေသည့် အာမခံကုမ္ပဏီကြီး ဖြစ်ပါသည်။

သတင်းအချက်အလက်များအသေးစိတ်သိရှိလိုပါက၊ ကျေးဇူးပြုပြီး အောက်ပါအတိုင်း ဆက်သွယ်လေ့လာ နိုင်ပါသည်။

U Aung Thein Tun
General Manager
Mobile – 09 970019900
Email – info@capitallife-insurance.com