Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

Capital Life Insurance နှင့် Taiyo Life Insurance တို့ အကျိုးတူလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပေးအပ်သော လုပ်ငန်းလိုင်စင်ရရှိခြင်း

November 28, 2019

နိုဝင်ဘာလ၊ (၂၈) ရက်၊ (၂၀၁၉) ခုနှစ် - Capital Life Insurance နှင့် ဖက်စပ်ဆောင်ရွက်သည့် Taiyo Life Insurance တို့သည် ယနေ့ မနက်ပိုင်း၊ နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၁၉ ခုနှစ် ၊ နေပြည်တော် Thingaha Hotel တွင် ကျင်းပပြုလုပ်ခဲ့သော Insurance License Awarding Ceremony ပွဲအခမ်းအနားတွင် Capital Taiyo Life Insurance Company အဖြစ် အသက်အာမခံလုပ်ငန်းအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပေးအပ်သော လုပ်ငန်းလိုင်စင်ကို ရရှိခဲ့ပါသည်။

Capital Life Insurance သည် ကုမ္ပဏီစတင်တည်ထောင်သည့် အချိန်မှစ၍ (၆) နှစ်တာ ကာလအတွင်း ရုံးချုပ် အပါအဝင် ရုံးခွဲ(၁၀)ရုံးကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး ဈေးကွက်အတွင်း ငွေပင်ငွေရင်း အသက်အာမခံအမျိုးအစားနှင့် Protection Type အသက်အာမခံအမျိုးအစားများကို ဦးဆောင်ထိုးဖောက် ဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါသည်။ နောင်အနာဂတ်ကာလများအတွင်း ရုံးခွဲသစ်များကို မြို့ပြဒေသများတွင်သာမက ကျေးလက်ဒေသများတွင်ပါ တိုးချဲ့ဖွင့်လှစ်ပြီး အသက်အာမခံလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်သွားရန် အစီအစဉ် စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

Capital Life Insurance နှင့် အကျိုးတူဖက်စပ်ဆောင်ရွက်သော Taiyo Life Insurance သည် မြန်မာနိုင်ငံ၏ အသက်အာမခံဈေးကွက် အနေအထားကို ထဲထဲဝင်ဝင် လေ့လာသိရှိထားပြီး မြန်မာနိုင်ငံအပေါ် High Commitment ရှိသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ Taiyo Life Insurance သည် ဂျပန်နိုင်ငံအတွင်း လူနေအိမ်ခြေများသို့ အသက်အာမခံပေါ်လစီများ ရောင်းချရာတွင် အထူးကျွမ်းကျင်သော အရောင်းနည်းပညာများ အသုံးချဆောင်ရွက်နေသည့် ကုမ္ပဏီကြီး ဖြစ်သဖြင့် ထိုသို့ ရောင်းချသော နည်းပညာသည် မြန်မာနိုင်ငံ အာမခံဈေးကွက်တွင် အောင်မြင်နိုင်သော အဓိက နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ထိုကဲ့သို့ ယုံကြည်မှုများရရှိထားသော၊ တောင့်တင်း ခိုင်မာသော အသက်အာမခံကုမ္ပဏီဖြစ်ခြင်း၊ အာမခံပညာရပ်များကို ကျွမ်းကျင်နားလည်ပြီး အရောင်းနည်းပညာ စနစ်ကောင်းများရှိခြင်း၊ မြန်မာနိုင်ငံ အသက်အာမခံဈေးကွက်အနေအထားကို နားလည်ခြင်း တို့ကြောင့် Capital Life Insurance သည် Taiyo Life Insurance အား ဖက်စပ်လုပ်ငန်း လုပ်ကိုင်ဖက် အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။

ဤကဲ့သို့ အကျိုးတူဖက်စပ်ခြင်းအားဖြင့် Capital Life Insurance နှင့် Taiyo Life Insurance တို့သည် မြန်မာနိုင်ငံအတွင်း အာမခံဈေးကွက် ပိုမိုတွင်ကျယ်လာစေရန်၊ ပြည်သူလူထုအကြား အာမခံအသိပညာများ ပိုမိုသိရှိလာစေရန်၊ ဆန်းသစ်ပြီး ပိုမိုကောင်းမွန်သော အသက်အာမခံအမျိုးအစားသစ်များကို တီထွင်ပြီး ဈေးကွက်အတွင်း အာမခံဝန်ဆောင်မှုများဖြင့် မိတ်ဆက်ပေးရန်နှင့် မြန်မာနိုင်ငံရှိ ပြည်သူလူထုများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်ထားရှိပါတယ်။ Taiyo Life Insurance ၏ ဂျပန်နိုင်ငံတွင် နှစ်ပေါင်းတစ်ရာကျော် ရရှိထားသော အတွေ့အကြုံနည်းလမ်းကောင်းများ နည်းစနစ်များကို မြန်မာနိုင်ငံအတွင်း အသုံးချဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ လူ့အရင်းအမြစ်များ တိုးတက်အောင် ဆောင်ရွက်သွားရန် မျှော်မှန်းနိုင်မည် ဖြစ်ပါသည်။

Capital Life Insurance Limited တွင် အသက်အာမခံထားရှိထားသူများသည် ပေါ်လစီများတွင်ပါရှိသော အာမခံအကျိုးခံစားခွင့်များ၊ အာမခံအကာအကွယ်နှင့် ပေါ်လစီ စည်းမျဉ်းများသည် မူလပေါ်လစီအတိုင်း ပြောင်းလဲမှုမရှိဘဲ အာမခံသက်တမ်းအတိုင်း ဆက်လက်တည်မြဲနေမည် ဖြစ်ပါသည်။ ထို့အပြင် ပေါ်လစီရှင်များအနေဖြင့် အထူးတလည် ဆောင်ရွက်ရန် မလိုဘဲ Capital Taiyo Life Insurance Limited မှ ဆက်လက် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

Capital Life Insurance ၏ နောက်ခံသမိုင်း

Capital Life Insurance သည် (၂၀၁၃) ခုနှစ်၊ ဇွန်လတွင် အသက်အာမခံ လုပ်ငန်းလိုင်စင် စတင်ရရှိခဲ့ပြီး ငွေပင်ငွေရင်းအသက်အာမခံ၊ စုပေါင်းအသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ ခရီးသွားအာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ပညာရေးအသက်အာမခံ နှင့် ချေးငွေအသက် အာမခံလုပ်ငန်းများကို မြန်မာပြည်အတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မိဘပြည်သူများထံသို့ အာမခံဝန်ဆောင်မှုများကို စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ပေးရင်း မြန်မာ့အာမခံလောကတွင် ယုံကြည်စိတ်ချရသော အသက်အာမခံကုမ္ပဏီအဖြစ် ရပ်တည်နိုင်ခဲ့ပေသည်။

Taiyo Life Insurance ၏ နောက်ခံသမိုင်း

Taiyo Life Insurance သည် ဂျပန်နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း (၁၂၅) နှစ်ကျော်မှ စတင်၍ အသက်အာမခံလုပ်ငန်း တစ်မျိုးတည်းကိုသာ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နေသော၊ Customer များ၏ ယုံကြည်အားထားမှုကို အခိုင်အမာရရှိထားသော၊ တောင့်တင်းခိုင်မာသော အသက်အာမခံ ကုမ္ပဏီကြီး တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အသက်အာမခံဈေးကွက် သို့ ဝင်ရောက်ရန် အထူးစိတ်ဝင်စားသော ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးဂျပန်အသက်အာမခံ Representative Office ကို ဖွင့်လှစ်ခဲ့သော ဂျပန်ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါသည်။

သတင်းအချက်အလက်များ အသေးစိတ်သိရှိလိုပါက၊ ကျေးဇူးပြုပြီး အောက်ပါအတိုင်း ဆက်သွယ်လေ့လာ နိုင်ပါသည်။

U Aung Thein Tun
Senior Executive Officer
Mobile – 09 970019900
Email – info@capitallife-insurance.com