Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

‘နှစ်တိုငွေပင်ငွေရင်းအသက်အာမခံပရီမီယံကြေးပေးသွင်းမှုအတွက် “စောင့်ဆိုင်းကာလ” ခံစားခွင့်’

May 21, 2020

ကမ္ဘာလုံးဆိုင်ရာ ကူးစက်ပြန့်နှံ့နေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ဖြစ်ပွားနေသည့်ကာလတွင် Capital Taiyo Life Insurance ၏ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ Customer များ ပရီမီယံကြေးပေးသွင်းမှုတွင် အခက်အခဲမရှိစေရန်အတွက် ဧပြီလအား “စောင့်ဆိုင်းကာလ” အဖြစ် သတ်မှတ်ပေးထားကြောင်း အသိပေးကြေငြာအပ်ပါတယ်။

ဧပြီလတွင်ပေးသွင်းရမည့် ပရီမီယံကြေးကို မေလပေးသွင်းရမည့် ပရီမီယံကြေးနှင့်အတူ မေလမှာ တပေါင်းတည်း ပေးသွင်းရမှာ ဖြစ်ပါတယ်ရှင့်။ မေလတွင် COVID-19 ရောဂါအခြေအနေ မတည်ငြိမ်သေးပါကလည်း ပြန်လည်ပေးသွင်းရမည့်လအား အချိန်နှင့်တပြေးညီ ကြေငြာပေးသွားပါမယ်။

တစ်လချင်းစီမပျက်မကွက်ပေးသွင်းလိုသူများအနေဖြင့်လည်း Capital Taiyo Life Insurance Page တွင် ဖော်ပြထားသော Payment Channel များမှတစ်ဆင့် ပေးသွင်းနိုင်ကြောင်းလည်း အသိပေးပြောကြားအပ်ပါတယ်ရှင့်။