Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

နှစ်စေ့အကျိုးခံစားခွင့်ငွေ (၁၀) သိန်းကျပ်အား ပေးအပ်ခြင်း

July 2, 2020

Capital Taiyo Life Insurance ၏ မန္တလေးရုံးခွဲတွင် (၁၄.၀၅.၂၀၁၅) ရက်နေ့၌ နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ ထားရှိခဲ့သော ဦးရာဇာသန်းအောင်သည် (၁၄.၀၅.၂၀၂၀) ရက်နေ့တွင် အသက်အာမခံသက်တမ်း (၅)နှစ်ပြည့်သွားပါသဖြင့် နှစ်စေ့အကျိုးခံစားခွင့်ငွေ (၁၀)သိန်းအား မန္တလေးရုံးခွဲတာဝန်ရှိသူများမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပေးအပ်ခဲ့ကြပါသည်။

နှစ်တိုငွေပင်ငွေရင်းအသက်အာမခံထားရှိခြင်းသည် လစဥ်စုငွေပမာဏတစ်ခုကိုသာ ပေးသွင်းရခြင်းဖြစ်ပြီး အသက်အာမခံသက်တမ်းပြည့်သည့်အချိန်တွင် တစ်လုံးတည်း ပြန်လည်ရရှိသည့်အတွက် မိမိရည်ရွယ်ထားသောအရာများအား ငွေမစုဖြစ်တော့လို့ ပျက်ပြယ်သွားခြင်းမရှိတော့ဘဲ အကောင်အထည်ဖော်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အသက်အာမခံထားရှိငွေသည် ထီပေါက်သည့်ငွေကဲ့သို့ပင် ငွေဖြူဖြစ်သည့်အတွက်ကြောင့် အိမ်၊ကားကဲ့သို့ ပစ္စည်းများဝယ်ယူခြင်းအတွက် ဝင်ငွေခွန်ပေးဆောင်ရခြင်း မရှိသည့်အပြင် အသက်အာမခံသက်တမ်းအတွင်း မမျှော်မှန်းထားသောကိစ္စများ ဖြစ်ပေါ်ခဲ့ပါက မိသားစုဝင်များအတွက် ငွေကြေးအထောက်အပံ့ရရှိစေသည့်အတွက်ကြောင့် နှစ်တိုငွေပင်ငွေရင်းအသက်အာမခံထားရှိခြင်းကို လုပ်ဆောင်သင့်ပါတယ်ရှင် ။