Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ

အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ

အားကစားသမား ကိုယ်အင်္ဂါထိခိုက်မှု အာမခံအားကစားသမား ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံတွင် အာမခံ ထားရှိသော အားကစားသမားသည် အာမခံသက်တမ်း အတွင်း အားကစားရုံ (သို့မဟုတ်) အားကစားကွင်း အတွင်း လေ့ကျင့် နေစဉ် ဖြစ်စေ၊ အားကစား ယှဉ်ပြိုင် နေစဉ် ဖြစ်စေ မတော်တဆ ထိခိုက်မိပါက အာမခံထားရှိသူသည် အကျိုးခံစားခွင့်များကို ရရှိမည် ဖြစ်ပါသည်။ (ပြည်တွင်းရှိ အားကစား သမားများ၊ နိုင်ငံခြားသို့ သွားရောက် ယှဉ်ပြိုင်သည့် အားကစားသမားများ၊ ကျောင်းသား ကျောင်းသူများ ထားရှိသင့်သော အာမခံဖြစ်ပါသည်)
အသက်ကန့်သတ်ချက်(၁၀) နှစ်မှ (၆၀)နှစ်အထိ
အာမခံသက်တမ်း(၁) နှစ်
အာမခံထားငွေ (၁၀) သိန်း = တစ်ယူနစ်
ပရီမီယံနှုန်း တစ်ယူနစ်လျှင် (၅) ထောင် (အများဆုံးငါးယူနစ်အထိသာ)
ရရှိနိုင်သောအကာအကွယ်များအာမခံသက်တမ်းအတွင်း အာမခံထားရှိသူသည် သေဆုံးလျှင်ဖြစ်စေ၊ ကိုယ်အင်္ဂါ ထိခိုက်လျှင် ဖြစ်စေ၊ ဆေးရုံတက်ရလျှင် ဖြစ်စေ အကာအကွယ်များ ရရှိနိုင်ပါသည်။
အကျိုးကျေးဇူးများ အာမခံသက်တမ်း အတွင်း အားကစားသမား လေ့ကျင့်နေစဉ် (သို့မဟုတ်) ယှဉ်ပြိုင် နေစဉ် မတော်တဆ ထိခိုက်မှုကြောင့် ဖြစ်ပေါ်သော
• ခြေလက်ကျိုးခြင်းများ
• ဆေးရုံတက်ရခြင်းများ
• ထာ၀စဉ်မသန်မစွမ်းဖြစ်ခြင်းများ
• သေဆုံးခြင်းများ အတွက် အကျိုးခံစားခွင့်များ ရရှိနိုင်ပါသည်။

(၁) နိုင်ငံကိုယ်စားပြု ပါ၀င်ယှဉ်ပြိုင်မည့် အားကစားသမားများ အနေဖြင့် နိုင်ငံခြားတိုင်းပြည် များသို့ သွားရာက်သည့် အခါ ခရီသွားအာမခံ အသွား၊ အပြန် လေယာဉ်ခရီးစဉ်အတွက် ပရီမီယံ ကျပ် ၁၀၀၀/- ပေးဆောင်ပါက အကျိုးခံစားခွင့် ကျပ် သိန်း(၅၀) ရရှိမည်ဖြစ်သည်။
(၂) သက်ဆိုင်ရာ နိုင်ငံတွင် အားကစား ယှဉ်ပြိုင်ရန် နေထိုင်စဉ်ကာလအတွင်း သေဆုံးမှုအတွက် ဆရာ၀န်၏ ထောက်ခံချက် အရ အချိုးအစားအလိုက် အများဆုံး ကျပ် (၁၀) သိန်းထိ ရရှိရန် ပေးဆောင်ရမည့် ပရီမီယံ နှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(က) ၇-ရက်ခရီးစဉ် ကျပ် ၅၀၀/-
(ခ) ၁-လခရီးစဉ် ကျပ် ၁၀၀၀/-