Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ငွေစု အသက်အာမခံ အသစ်

“ငွေစုအသက်အာမခံတစ်ခုတည်း ဝယ်ယူရုံနဲ့ သုံးဆတိုးအကာအကွယ် ရယူနိုင်မယ့် ငွေစုအသက်အာမခံအသစ်”

 

သုံးဆတိုးအကာအကွယ်ရ ငွေစုအသက်အာမခံအသစ်

သုံးဆတိုးအကာအကွယ်ရ အသက်အာမခံဆိုသည်မှာ အာမခံထားရှိသူအတွက်ဖြစ်စေ၊ မိသားစုအတွက်ဖြစ်စေ၊ ငွေစုဆောင်းပေးပြီး ပေးသွင်းထားသည့် ပရီမီယံပမာဏထက် ပိုမိုသော အာမခံအကျိုးခံစားခွင့်ငွေရရှိနိုင်မည့်အပြင် မမျှော်မှန်းနိုင်သော အသက်အန္တရာယ်နှင့် ကြုံတွေ့သောအခါတွင်လည်းကောင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင်သော်လည်းကောင်း ငွေကြေးအကာအကွယ်ပေးသော အသက်အာမခံအမျိုးအစားဖြစ်ပါတယ်။

 

သုံးဆတိုးအကာအကွယ်ရ ငွေစုအသက်အာမခံအသစ်က ဘယ်လိုအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်လဲ???

  1. အသက်အာမခံ အကာအကွယ် ရနိုင်မယ့်အပြင် ငွေစု‌ဆောင်းပြီးသားဖြစ်စေမယ့် အကျိုးခံစားခွင့်။
  2. အာမခံသက်တမ်း (၃)နှစ် မှစ၍ ငွေစုအသက်အာမခံ ဝယ်ယူနိုင်ခွင့်။
  3. အာမခံသက်တမ်းအတွင်း မတော်တဆမှုကြောင့် သေဆုံးခြင်း (ဘေးအန္တရာယ်ကြောင့် သေဆုံးခြင်း) အတွက် နှစ်စေ့အကျိုးခံစားခွင့် ငွေပမာဏ၏ (၃)ဆ အကျိုးခံစားခွင့်ရှိခြင်း။
  4. တစ်လုံးတည်း (သို့မဟုတ်) အရစ်ကျ ပေးသွင်းနိုင်တဲ့ ပရီမီယံကြေး။
  5. ဝင်ငွေခွန် သက်သာခြင်း။
  6. အာမခံအကျိုးခံစားခွင့်ပေါ်တွင် အခွန်ကင်းလွတ်ပိုင်ခွင့်ရှိခြင်း။
  7. အာမခံမှ ရရှိသည့် အကျိုးခံစားခွင့်ကို မည်သည့်အကြွေးရှင်မှ ဝရမ်းမကပ်နိုင်ခြင်း။

 

အာမခံအမျိုးအစား ကာလတိုငွေစုအသက်အာမခံ
အသက်ကန့်သတ်ချက် အသက် (၁၀) နှစ်မှ (၆၅) နှစ်အတွင်း။
အာမခံသက်တမ်း (၃) နှစ် (သို့မဟုတ်) (၅)နှစ် (သို့မဟုတ်) (၇)နှစ် (သို့မဟုတ်) (၁၀)နှစ်။
အာမခံထားငွေ အနည်းဆုံး (၁၀) သိန်းကျပ်မှစတင်၍ ထားရှိနိုင်ပါသည်။
ပရီမီယံပေးသွင်းခြင်း ၁ လတစ်ကြိမ်၊ ၃ လတစ်ကြိမ်၊ ၆ လတစ်ကြိမ်၊ ၁ နှစ်တစ်ကြိမ် နှင့် တစ်လုံးတည်းပေးဟူ၍ ရွေးချယ်ပေးသွင်းနိုင်ပါသည်။
ရရှိနိုင်သော အကာအကွယ်များ အချိန်မတိုင်မီ ကွယ်လွန်ခြင်းနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။

 

သင်နဲ့ သင့်ချစ်ရသူတွေရဲ့ အနာဂတ်ဘဝ လုံခြုံဘေးကင်းစေမယ့် အသင့်လျော်ဆုံး Capital Taiyo ရဲ့ “သုံးဆတိုးအကာအကွယ်ရ ငွေစုအသက်အာမခံအသစ် (Triple Cover Plan) ” ကို အခုပဲ ဝယ်ယူထားလိုက်ပါ။