Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံ

မိတ်ဆက်

ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံဆိုသည်မှာအာမခံထားသူသည် ဘဏ်(သို့မဟုတ်)ငွေရေး‌ကြေးရေးအဖွဲ့အစည်းများမှ ချေးငွေရယူပြီး အာမခံကာလအတွင်း သေဆုံးခြင်း၊ထာဝစဉ်မသန်စွမ်းဖြစ်လျှင်
အာမခံကုမ္ပဏီမှအာမခံထားငွေကို ဘဏ်(သို့မဟုတ်)ငွေရေး‌ကြေးရေးအဖွဲ့အစည်းသို့ပေးလျှော်သည့် အသက်အာမခံ အမျိုးအစားဖြစ်ပါသည်။

ပရီမီယံတစ်ကြိမ်ပေးချေးငွေအသက်အာမခံ

အသက်အရွယ်ကန့်သတ်ချက် အသက် (၁၈)နှစ် မှ (၆၅)နှစ်ထိ
(အသက်(၆၂)နှစ်ရှိသူများအနေ ဖြင့် (၃)နှစ် သက်တမ်းသာ အာမခံထားရှိနိုင်မည် ဖြစ်ပါသည်။)
အာမခံသက်တမ်း(၃ )နှစ် မှ (၁၅)နှစ်
*ချေးငွေပေးဆပ်ရန်ကျန်ရှိနေသော သက်တမ်းနှင့်ကိုက်ညှိထားရှိရပါမည်။
အာမခံထားငွေ၁,၀၀၀,၀၀၀ ကျပ် မှ ၃၀၀,၀၀၀,၀၀၀ ကျပ်ထိ
(အာမခံထားငွေနှင့်ပက်သက်မှုမရှိပဲ ကျန်းမာရေးစစ်ဆေးမှု ခံယူရန်လိုအပ်ပါသည််)
အာမခံထားငွေပုံစံ အာမခံထားငွေ တစ်ဖြည်းဖြည်းလျှော့ချသည့် ပုံစံ
ပရီမီယံပေးသွင်းခြင်းပရီမီယံကို တစ်လုံးတည်း ပေးသွင်းရမည်။
ပရီမီယံနှုန်းအာမခံထားသူ၏အသက်၊အာမခံသက်တမ်းနှင့်အာမခံထားငွေ အမျိုးအစားအပေါ်မှုတည်၍ တွက်ချက်ပေးပါသည်။
အာမခံအကျိုးခံစားခွင့်၁။ သေဆုံးခြင်း
၂။ ထာ၀ရမသန်စွမ်းဖြစ်ခြင်း

Reducing Sum Insured

AgePolicy term
3456789101112131415
186,6008,400 10,400 12,50014,70017,00019,40021,90024,40026,90029,60032,20034,900
207,1009,10011,30013,50015,90018,30020,900 23,50026,10028,90031,60034,50037,300
258,90011,40014,10016,800 19,70022,70025,700 28,80032,00035,20038,40041,600 44,900
3011,60014,90018,30021,80025,40029,00032,600 36,20039,90043,60047,30051,00054,600
3514,70018,90023,00027,20031,50035,70039,90044,00048,20052,40056,50060,60064,700
4017,50022,40027,30032,20037,00041,80046,60051,30056,00060,80065,50070,20074,900
4520,40026,30032,00037,70043,50049,20054,80060,50066,20071,90077,60083,30089,000
5025,50032,90040,20047,50054,90062,10069,40076,70084,10091,60099,100106,700114,300
5534,40044,60054,80065,10075,40085,60095,900106,300- - - - -
6052,40068,10083,700---- - - - - - -
6262,300----- -- - - - - -

ကျန်းမာရေး စစ်ဆေးခြင်း

  • * အာမခံကုမ္ပဏီမှ ဆေးစစ်ခကုန်ကျစရိတ် ကျခံပါမည်။

ပရီမီယံတစ်ကြိမ်ပေး ချေးငွေအသက်အာမခံထားခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ

  • မမျှော်လင့်သောဖြစ်ရပ်ကြောင့် ငွေချေးယူသူ သေဆုံး/ထာ၀စဥ်မသန်စွမ်းြဖစ်ခဲ့လျှင် ငွေချေးသည့် ဘဏ်/ငွေရေးကြေးအဖွဲ့အစည်းမှ ချေးငွေ ပြန်လည် ရရှိ ခြင်း။
  • မမျှော်လင့်သောဖြစ်ရပ်‌ကြောင့် ငွေချေးယူသူ သေဆုံး/ထာ၀စဥ်မသန်စွမ်းြဖစ်ခဲ့လျှင် ၎င်း၏ကျန်ရစ်သူ မိသားစုအနေ ဖြင့် အရစ်ကျ၀ယ်ယူထားသော ပိုင်ဆိုင်မှုအတွက် ဆက်လက်ပေးဆပ်ရန် ပူပန်စရာမလို ခြင်း။
  • ပေးသွင်းသည့် ပရီမီယံပေါ်တွင် ၀င်ငွေခွန်သက်သာခွင့်ရှိ ခြင်း။

အကျိုးခံစားခွင့်လွှဲပြောင်းခြင်း

  • အကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူ ဆိုသည်မှာ အသက်အာမခံပေါ်လစီတွင် အာခံထားသူ
    သေဆုံး/ထာ၀စဥ်မသန်စွမ်းြဖစ်ြခင်း‌ြေကာင့် ရရှိမည့် အကျိုးခံစားခွင့်ကို တရား၀င် ထုတ်ယူခံစားပိုင်ခွင့်ရှိသော အာမခံစာချုပ်တွင် ရေးသားဖော်ြပထားသည့် လူပုဂ္ဂိုလ် တစ်ဦး(သို့မဟုတ်) တရား၀င် ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ရည်ညွှန်းပါသည်။
  • ပရီမီယံတစ်ကြိမ်ပေး ချေးငွေအသက်အာမခံ ပေါ်လစီရှင် တစ်ဦးအနေ ဖြင့် အာမခံအကျိုးခံစားခွင့်အား အဆိုလွှာတွင်ဖော်ြပထားသည့် ငွေချေးပေးသည့်ဘဏ်/ငွေရေး‌ကြေးရေး အဖွဲ့အစည်းသို့သာ လွှဲ‌ြေပာင်းပေးရမည် ဖြစ်သည်။
  • အကယ်၍ အာမခံထားသူ သေဆုံးချိန်/ထာ၀စဥ်မသန်စွမ်းြဖစ်ချိန်နှင့်သက်ဆိုင်သော ရရှိမည့်အကျိုးခံစားခွင့်များသည် ထိုအချိန်တွင် ပေးဆပ်ရန်ကျန်ရှိနေသော ချေးငွေပမာဏထက်များနေလျှင် ထိုပိုနေသောအကျိုးခံစားခွင့်များကို ပေါ်လစီရှင်ထံသို့ ထုတ်ပေးမည် ဖြစ်ပါသည်။

အကျိုးခံစားခွင့်မရရှိနိုင်သည့်ကိစ္စများ

  1. အာမခံထားသူသည် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေ ခြင်းကြောင့်သေဆုံးခဲ့လျှင် သေဆုံးမှုအကျိုးခံစားခွင့်(Death Benefit)အား ရခွင့်မရှိပါ။
    *အမ်းငွေကိုသာ ပေါ်လစီရှင်ထံသို့ ထုတ်ပေးမည် ဖြစ်ပါသည်။
  2. အာမခံထားသူတစ်ဦးသည် အောက်ဖော်ပြပါ အ‌ကြောင်းကိစ္စများ‌ကြောင့် အာမခံစသည့်နေ့မှတစ်နှစ်အတွင်း ထာ၀စဥ်မသန်စွမ်းဖြစ်ခဲ့လျှင် ထာ၀စဥ်မသန်စွမ်းဖြစ်မှု
    အကျိုးခံစားခွင့်(Total Permanent Disability Benefit) အား ရခွင့် မရှိပါ။
    *အမ်းငွေကိုသာ ပေါ်လစီရှင်ထံသို့ ထုတ်ပေးမည် ဖြစ်ပါသည်။

    1. ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရ ဖြစ်အောင် လုပ်ခြင်း‌ကြောင့် ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
    2. မိမိကိုယ်ကိုသတ်သေ ခြင်း‌ကြောင့် မသေဘဲ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။