Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြွေအန္တရာယ်အာမခံ

မြွေအန္တရာယ်အာမခံ

မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသများတွင်သာမက အချို့မြို့ပေါ်ရပ်ကွက်များတွင် မြွေအန္တရာယ် ကြုံတွေ့နိုင်ပါသည်။ မြွေအန္တရာယ်အသက်အာမခံ ထားရှိသူသည် မြွေကိုက်ခံရ၍ သေဆုံးလျှင် သော်လည်းကောင်း၊ ဆေးဝါးကုသမှု ခံယူရလျှင်သော်လည်းကောင်း၊ မြွေကိုက်ခံရသည့်နေ့မှ (၆)လ အတွင်း အကျိုးခံစားခွင့်ကို တောင်းခံနိုင်ပါသည်။

မြွေအန္တရာယ်အသက်အာမခံ ပရီမီယံနှုန်းထားနှင့် အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အသက်အရွယ်ကန့်သတ်ချက်အသက်အရွယ် ကန့်သတ်ချက် မရှိပါ။
အာမခံသက်တမ်း(၁) နှစ်။
ပရီမီယံနှုန်း(၁) ယူနစ်လျှင် (၅၀ဝ) ကျပ်။
အများဆုံးဝယ်ယူနိုင်သည့်ယူနစ်(၁၀) ယူနစ် အထိ။
(၁) ယူနစ်လျှင် အများဆုံး အကျိုးခံစားခွင့်(၅) သိန်း ကျပ်။

အာမခံအကာအကွယ်များ

မြွေအန္တရာယ်အသက်အာမခံ ဝယ်ယူထားသောသူသည် အာမခံသက်တမ်းအတွင်း မြွေအန္တရာယ်နှင့် ကြုံတွေ့ လာပါက ဆေးဝါးကုသမှု ကုန်ကျစရိတ် လုံလောက်စွာ ရရှိစေရန် နှင့် အသက်ဆုံးရှုံးရပါက ငွေရေးကြေးရေး အထောက်အကူ ရရှိစေနိုင်ပါသည်။

အကျိုးခံစားခွင့်များ

ဤအသက်အာမခံ ဝယ်ယူထားသောသူသည် အာမခံသက်တမ်းအတွင်း မြွေကိုက်ခံရပါက (၁)ယူနစ်လျှင် အောက်ပါအတိုင်းအကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

သေဆုံးလျှင်ကျပ် (၅) သိန်း တိတိ။
မျက်စေ့ (၂) ဖက်ကွယ်လျှင်ကျပ် (၂၅၀,ဝ၀ဝ/-)
ကိုယ်တစ်ပိုင်းသေခြင်းအမျိုးမျိုးကျပ် (၂၅၀,ဝ၀ဝ/-)
ခြေချောင်းလက်ချောင်းများ ဖြတ်တောက်ရခြင်းကျပ် (၄၀,ဝ၀ဝ/-)
ဆေးဝါးကုသစရိတ် အများဆုံးကျပ် (၈၀,ဝ၀ဝ/-)

မှတ်ချက် ။ ။ မြွေကိုက်ခံရသူသည် ကျေးလက်ကျန်းမာရေးဆေးခန်း၊ တိုက်နယ်ဆေးခန်း၊ မြို့နယ်ဆေးခန်း တို့တွင် တက်ရောက်ကုသမှု ခံယူမှသာ ဆေးဝါးကုသစရိတ် တောင်းခံနိုင်ပါသည်။

စည်းကမ်းချက်များ

  • မြွေကိုက်ခံရခြင်းကြောင့် ဆေးကုသမှုခံယူရခြင်း၊ သေဆုံးပါက သေဆုံးမှုအတွက် အကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်သည်။
  • မြွေကိုက်ခြင်းမှတစ်ပါး မည်သည့်အကြောင်းကြောင့်မဆို သေဆုံးခြင်း၊ ကိုယ်အင်္ဂါထိခိုက် အနာတရဖြစ်ခြင်း၊ ဆေးကုသခြင်းတို့အတွက် အကျိုးခံစားခွင့် မရရှိနိုင်ပါ။
  • မြွေကိုက်ခံရခြင်းကြောင့် မျက်လုံး(၂)လုံးကွယ်ခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်း၊ လက်ဆစ်၊ခြေဆစ် ဖြတ်တောက်ရခြင်းတို့မှတစ်ပါး အခြားကိုယ်အင်္ဂါထိခိုက်မှုတို့အတွက် သူတစ်ပါးထိခိုက်မှုအာမခံ ဥပဒေပါ ရာခိုင်နှုန်းအတိုင်း ဆရာဝန်၏ ထောက်ခံချက်ဖြင့် အကျိုးခံစားခွင့် ရရှိနိုင်ပါသည်။
  • မည်သည့်ကိစ္စတွင်မဆို စုစုပေါင်း အကျိုးခံစားခွင့်သည် (၁)ယူနစ်လျှင် ကျပ်(၅)သိန်း၊ ကိုယ်အင်္ဂါ ထိခိုက်မှုအတွက် ကျပ် (၂၅၀,ဝ၀ဝ/-) နှင့် အခြားထိခိုက်မှုများအတွက် သတ်မှတ်ထားသော ရာခိုင်နှုန်းထက် ကျော်လွန်မည် မဟုတ်ပါ။
  • ဆေးဝါးကုသစရိတ်အား ကျန်းမာရေး ထောက်ခံချက်၊ ဆေးရုံလက်မှတ်အရ အမှန်တကယ် ဝယ်ယူရသည့် ဆေးဝါးကုန်ကျစရိတ်များအရ အများဆုံး ကျပ် (၈၀,ဝ၀ဝ/-) အထိရရှိနိုင်မည်ဖြစ်ပြီး အဆိုပါ စရိတ်များတွင် သယ်ယူပို့ဆောင်ခစရိတ် ကျပ် (၅,ဝ၀ဝ/-) ၊ ဆေးရုံတက်ရလျှင် (၁)ရက်အတွက် ကျပ် (၁,ဝ၀ဝ/-) နှုန်းဖြင့် (၇)ရက်အထိ အများဆုံး တောင်းခံနိုင်မည် ဖြစ်သည်။