Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ကျန်းမာရေး အာမခံ

အသက်ကန့်သတ်ချက်ကျန်းမာရေးအာမခံကို အသက် ၆ နှစ် မှ ၇၅ နှစ် အထိ အသက်အုပ်စုခွဲခြား၍ ထားရှိနိုင်ပါသည်။
အသက် ၆ နှစ် မှ ၁၈ နှစ်အထိအတွက် မိဘ/အုပ်ထိန်းသူမှ ထားရှိပေးနိုင်ပါသည်။
အာမခံသက်တမ်းပရီမီယံပေးသွင်းသည့်နေ့မှစ၍ (၁)နှစ် ဖြစ်ပါသည်။
ဝယ်ယူနိုင်သည့်ယူနစ်ကျန်းမာရေးအာမခံ ကို အနည်းဆုံး (၁) ယူနစ်မှ အများဆုံး (၁၀)ယူနစ်အထိ ဝယ်ယူနိုင်ပါသည်။

ပရီမီယံပေးသွင်းမှုစနစ်

ပရီမီယံပေးသွင်းမှုစနစ်အစုအဖွဲ့လိုက် ကျန်းမာရေးအာမခံထားရှိမှု- လစဉ်ပေးသွင်းခြင်း၊
- ၃ လတစ်ကြိမ်ပေးသွင်းခြင်း၊
- ၆ လတစ်ကြိမ် ပေးသွင်းခြင်း၊
- တစ်နှစ်စာ တစ်လုံးတည်း ပေးသွင်းခြင်း။
တစ်ဦးချင်း ကျန်းမာရေးအာမခံထားရှိမှု- ၆ လ တစ်ကြိမ် ပေးသွင်းခြင်း။
- တစ်နှစ်စာ တစ်လုံးတည်း ပေးသွင်းခြင်း။

အာမခံအစီအစဉ်များ

ကျန်းမာရေးအာမခံ အစီအစဉ်အလိုက် အာမခံအကာအကွယ်နှင့် အကျိုးခံစားခွင့်များမှာ အောက်ပါဇယား အတိုင်း ဖြစ်ပါသည်။

စဉ်အာမခံအစီအစဉ်အာမခံ အကာအကွယ်များလျော်ကြေးပေးချေရမည့် အကြောင်းရင်း(၁)ယူနစ်အတွက် အကျိုးခံစားခွင့်
၁။Gold၁။ရောဂါကြောင့် ဆေးရုံတက်ခြင်း။ဆေးကုသရန် ရည်ရွယ်ချက်ဖြင့်
ဆေးရုံတက်သည့်အခါ။
ဆေးရုံတက်အကျိုးခံစားခွင့် : တစ်ရက်လျှင် ၁၀,၀၀၀/- ကျပ်။
(သို့သော် အများဆုံး ၆၀၀,၀၀၀ ကျပ် × အာမခံထားသည့်ယူနစ်ပေါင်း)
၂။မတော်တဆမှုကြောင့် ဆေးရုံတက်ခြင်း။
၃။သေဆုံးခြင်း။သေဆုံးသည့်အခါ။သေဆုံးခြင်း: ၁,၀၀၀,၀၀၀/- ကျပ်
၄။ဆေးရုံ/ဆေးခန်း ပြသခြင်း။ ဆေးကုသရန်ရည်ရွယ်ချက်ဖြင့် ဆေးရုံ/ဆေးခန်းပြသသည့်အခါ။ ဆေးရုံ/ဆေးခန်း : (၁) ကြိမ် ပြသလျှင် တစ်ယူနစ် ၂,၅၀၀/-ကျပ်။
(သို့သော် အများဆုံး ၁၀၀၀၀ ကျပ် × အာမခံ ထားသည့်ယူနစ်ပေါင်း)
၂။Platinum၁။ရောဂါကြောင့် ဆေးရုံတက်ခြင်း။ဆေးကုသရန် ရည်ရွယ်ချက်ဖြင့်
ဆေးရုံတက်သည့်အခါ။
ဆေးရုံတက်အကျိုးခံစားခွင့် :
တစ်ရက်လျှင် ၁၀,၀၀၀/- ကျပ်။
(သို့သော် အများဆုံး ၆၀၀,၀၀၀ ကျပ် × အာမခံထားသည့်ယူနစ်ပေါင်း)
၂။မတော်တဆမှုကြောင့် ဆေးရုံတက်ခြင်း။
၃။သေဆုံးခြင်း။သေဆုံးသည့်အခါ။သေဆုံးခြင်း: ၁,၀၀၀,၀၀၀/- ကျပ်
၄။ခွဲစိတ်ကုသခြင်း။ခွဲစိတ်ကုသမှုကို ခံယူသည့်အခါ။ တစ်ကိုယ်လုံးမေ့ဆေး (သို့မဟုတ်) ကိုယ်တစ်ပိုင်း ထုံဆေးဖြင့်။ ခွဲစိတ်ကုသခြင်း : ခွဲစိတ်ကုသမှုအတွက် အမှန်တကယ် တိုက်ရိုက်ကုန်ကျစရိတ်။ (သို့သော် တစ်ယူနစ်အတွက် အနည်းဆုံး ၅သိန်းကျပ်။)
၅။ကိုယ်ဝန်ပျက်ကျခြင်း။သဘာဝအလျောက် ကိုယ်ဝန် ပျက်ကျခြင်း(သို့မဟုတ်)ရောဂါ
ကြောင့် ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်ပြီး၊ ကိုယ်ဝန်ပျက်ကျမှု အတွက်ကုသခြင်းအဖြစ် ဆေးရုံတက်ပြီး ခွဲစိတ်မှု၊ ကုသမှုကိုပြုလုပ်သည့်အခါ။
ကိုယ်ဝန်ပျက်ကျခြင်း :ဝယ်ယူထားသည့် ယူနစ်နှင့် မဆိုင်ဘဲ(၃)သိန်းကျပ်။
ခွဲစိတ်ကုသခြင်း နှင့် ကိုယ်ဝန်ပျက်ကျခြင်း နှစ်ခုပေါင်းအတွက် ၅သိန်း ကျပ် × အာမခံ ထားသည့် ယူနစ်ပေါင်းကို စုစုပေါင်း အများဆုံးပေးချေနိုင်သည့် ပမာဏအဖြစ် သတ်မှတ်မည်။
၃။Diamond၁။ရောဂါကြောင့် ဆေးရုံတက်ခြင်း။ဆေးကုသရန် ရည်ရွယ်ချက်ဖြင့်
ဆေးရုံတက်သည့်အခါ။
ဆေးရုံတက်အကျိုးခံစားခွင့် : တစ်ရက်လျှင် ၁၀,၀၀၀/- ကျပ်။
(သို့သော် အများဆုံး ၆၀၀,၀၀၀ ကျပ်×အာမခံထားသည့်ယူနစ်ပေါင်း)
၂။မတော်တဆမှုကြောင့် ဆေးရုံတက်ခြင်း။
၃။သေဆုံးခြင်း။သေဆုံးသည့်အခါ။သေဆုံးခြင်း: ၁,၀၀၀,၀၀၀/- ကျပ်။
၄။ဆေးရုံ/ဆေးခန်း ပြသခြင်း။ဆေးကုသရန်ရည်ရွယ်ချက်ဖြင့် ဆေးရုံ/ဆေးခန်းပြသသည့်အခါ။ဆေးရုံ/ဆေးခန်း : (၁) ကြိမ် ပြသလျှင် တစ်ယူနစ် ၂,၅၀၀/-ကျပ်။
(သို့သော် အများဆုံး ၁၀၀၀၀ ကျပ် × အာမခံထားသည့် ယူနစ်ပေါင်း)
၅။ခွဲစိတ်ကုသခြင်း။ ခွဲစိတ်ကုသမှုကို ခံယူသည့်အခါ။ တစ်ကိုယ်လုံးမေ့ဆေး (သို့မဟုတ်) ကိုယ်တစ်ပိုင်း ထုံဆေးဖြင့်။ခွဲစိတ်ကုသခြင်း : ခွဲစိတ်ကုသမှုအတွက် အမှန်တကယ် တိုက်ရိုက်ကုန်ကျစရိတ်။
(သို့သော် တစ်ယူနစ်အတွက် အနည်းဆုံး ၅သိန်းကျပ်။)
၆။ကိုယ်ဝန်ပျက်ကျခြင်း။သဘာဝအလျောက် ကိုယ်ဝန် ပျက်ကျခြင်း(သို့မဟုတ်) ရောဂါ ကြောင့် ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်ပြီး၊ ကိုယ်ဝန်ပျက်ကျမှု အတွက် ကုသခြင်းအဖြစ် ဆေးရုံတက်ပြီး ခွဲစိတ်မှု၊ ကုသမှုကိုပြုလုပ်သည့်အခါ ကိုယ်ဝန်ပျက်ကျခြင်း : ဝယ်ယူထားသည့် ယူနစ်နှင့် မဆိုင်ဘဲ(၃)သိန်းကျပ်။
ခွဲစိတ်ကုသခြင်း နှင့် ကိုယ်ဝန်ပျက်ကျခြင်း နှစ်ခုပေါင်းအတွက် ၅သိန်း ကျပ် × အာမခံထားသည့် ယူနစ်ပေါင်းကို စုစုပေါင်း အများဆုံး ပေးချေနိုင်သည့် ပမာဏအဖြစ် သတ်မှတ်မည်။

ပရီမီယံနှုန်းထား

ကျန်းမာရေးအာမခံ အစီအစဉ်အလိုက် (၁) ယူနစ်အတွက် ပရီမီယံနှုန်းထားများမှာ အောက်ပါဇယားအတိုင်း ဖြစ်ပါသည်။

စဉ်အာမခံအစီအစဉ်အသက် တစ်ဦးချင်း
ခြောက်လ တစ်ကြိမ်ပေးတစ်လုံးတည်းပေး
1.Gold
(1) Unit
၆ ~ ၃၀၁၀,၁၀၀ ကျပ်၁၉,၈၀၀ ကျပ်
၃၁ ~ ၄၀၁၁,၈၀၀ ကျပ်၂၃,၁၀၀ ကျပ်
၄၁ ~ ၅၀၁၃,၅၀၀ ကျပ်၂၆,၄၀၀ ကျပ်
၅၁ ~ ၆၀၁၉,၁၀၀ ကျပ် ၃၇,၄၀၀ ကျပ်
၆၁ ~ ၇၅၃၅,၉၀၀ ကျပ် ၇၀,၄၀၀ ကျပ်
2.Platinum
(1) Unit
၆ ~ ၃၀၁၄,၀၀၀ ကျပ် ၂၇,၅၀၀ ကျပ်
၃၁ ~ ၄၀၁၅,၇၀၀ ကျပ် ၃၀,၈၀၀ ကျပ်
၄၁ ~ ၅၀၁၇,၄၀၀ ကျပ် ၃၄,၁၀၀ ကျပ်
၅၁ ~ ၆၀၂၃,၀၀၀ ကျပ် ၄၅,၁၀၀ ကျပ်
၆၁ ~ ၇၅၃၉,၈၀၀ ကျပ် ၇၈,၁၀၀ ကျပ်
3.Diamond
(1) Unit
၆ ~ ၃၀၁၈,၅၀၀ ကျပ်၃၆,၃၀၀ ကျပ်
၃၁ ~ ၄၀၂၀,၂၀၀ ကျပ်၃၉,၆၀၀ ကျပ်
၄၁ ~ ၅၀၂၁,၉၀၀ ကျပ်၄၂,၉၀၀ ကျပ်
၅၁ ~ ၆၀၂၇,၅၀၀ ကျပ်၅၃,၉၀၀ ကျပ်
၆၁ ~ ၇၅၄၄,၃၀၀ ကျပ်၈၆,၉၀၀ ကျပ်

* အစုအဖွဲ့လိုက် အာမခံထားရှိသူများအတွက် အများဆုံး ၅% အထိ Discount

စည်းကမ်းချက်များ

  1. ကျန်းမာရေးအာမခံ ထားရှိသူကိုယ်တိုင်က အဆိုလွှာပါဖော်ပြချက်များတွင် ပေါ့ဆစွာ ဖော်ပြခြင်း၊ မှားယွင်းစွာ ဖော်ပြခြင်း၊ တမင်ရည်ရွယ်ချက်ဖြင့် လွှဲမှားစွာဖော်ပြခြင်း၊ ထိန်ချန်ခြင်း၊ လိမ်လည်ခြင်းစသည့် မမှန်မကန်ဖော်ပြခြင်းများရှိပါက ပေါ်လီစီအကျိုးခံစားခွင့်များ ဆုံးရှုံးမည်။
  2. အာမခံပရီမီယံ ပေးသွင်းသည့်အချိန်မှစ၍ အာမခံသက်တမ်းစသည်။ အာမခံသက်တမ်း (၁) နှစ် ပြည့်မြောက်သည့်နေ့၏ ည(၁၂)နာရီတွင် သက်တမ်း ကုန်ဆုံးမည်။
  3. အာမခံထားသူက ပေါ်လစီရပ်စဲခြင်းကြောင့် ပရီမီယံအမ်းငွေခံစားခွင့်မရှိပါ။ အာမခံလက်ခံသူက ပေါ်လီစီရပ်စဲလိုလျှင် ကျန်ရှိကာလအတွက် ရက်တွက်နှုန်းဖြင့် ပရီမီယံပြန်အမ်းမည်။
  4. အောက်ဖော်ပြပါ ကိစ္စရပ်များနှင့်ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ဒဏ်ရာရခြင်း၊ ရောဂါရရှိခြင်း၊ ဆေးရုံတက်ရောက်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ သေဆုံးခြင်းတို့အတွက် အကျိုးခံစားခွင့် အကျုံးဝင်မည်မဟုတ်ပါ။ (Exclusion)
    1. ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန် ဆရာဝန်၏ ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာရှိပြီးသား ဖြစ်နေခြင်း။
    2. သားဖွားခြင်း၊ ဗိုက်ခွဲမွေးခြင်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ခွဲစိတ်ကုသမှု။ သို့သော် အာမခံထားပြီးနောက် ကိုယ်ဝန်နှင့် အာမခံထားချိန်တွင် ပုံမှန်ဖြစ်နေသော ကိုယ်ဝန်ကြောင့် ဖြစ်လာသည့် တွဲဖက်ရောဂါများ (ကိုယ်ဝန် ဆိပ်သင့်ခြင်း၊ ကိုယ်ဝန်ဆောင် သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါစသည်တို့) ကြောင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်းသည် အကျိုးခံစားခွင့် ပေးချေရန် အကျုံးဝင်သည်။ ထို့အပြင် ကိုယ်ဝန်ပျက်ကျခြင်း သည် ရွေးချယ်နိုင်သည့် အာမခံ အကာအကွယ်(၁)ကို ဝယ်ယူထားပါက အကျိုးခံစားခွင့် ပေးချေရန် အကျုံးဝင် သည်။
    3. စိတ်ပေါ့သွပ်ခြင်း(Psychosis)၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း(Mental Disorders)။
    4. ကျန်းမာရေးဆေးစစ်ရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း။
    5. သားသမီးရလိုမှုဖြင့် ဆေးရုံတက်ခြင်းနှင့်ခွဲစိတ်ကုသခြင်း။
    6. မတော်တဆထိခိုက် ဒဏ်ရာရခြင်းမှအပဖြစ်သော သွားနှင့် ပတ်သက်သည့် ကုသမှုအတွက် ဖြစ်ခြင်း။
    7. မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော မျက်မှန်အပါအဝင် မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊ အမြင်အာရုံ ကောင်းမွန်လာအောင် ပြုပြင်ရန် ဖြစ်ခြင်း။
    8. အလှအပအတွက် ဖြစ်ခြင်း။
    9. နားကြားကိရိယာတပ်ဆင်ရန်အတွက်ဖြစ်ခြင်း။
    10. ကိုယ်ခန္ဓာ ချို့ယွင်းခြင်း (Physical Defect) (သို့မဟုတ်) မသန်စွမ်းခြင်း (Infirmity)။
    11. မူးယစ်ဆေးဝါးသုံးစွဲခြင်း။
    12. ကိုယ်တိုင်ရာဇဝတ်မှုကျူးလွန်ခြင်း။
    13. AIDS/HIV ဖြစ်ခြင်း။
    14. အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့်စစ်အသွင်ဖြစ်ပွားခြင်း (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း၊ စစ်တပ် (သို့မဟုတ်) အာဏာသိမ်းခြင်း နှင့် ဖော်ပြပါ အဖြစ်အပျက် တစ်ခုခု၏ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သော အကျိုးသက်ရောက်မှု တစ်ရပ်ရပ်ကြောင့် တိုက်ရိုက်သော် လည်းကောင်း ၊ သွယ်ဝိုက်၍သော်လည်းကောင်း နီးကပ်စွာသော်လည်းကောင်း ဝေးလံစွာသော်လည်းကောင်းဖြစ်ပေါ်စေသော အားပေးသော၊ အခြေခံသော၊ ပေါ်ပေါက်သော မည်သည့် မတော်တဆဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း)။
    15. ရောဂါကြောင့်ဆေးရုံတက်ရက်ပေါင်းသည် ၃ ရက်နှင့်အောက်ဖြစ်သော ဆေးကုသမှုများ။
    16. လိမ်လည်တောင်းခံသည့်ဖြစ်ရပ်များ။
    17. မိမိကိုယ်ကိုသတ်သေခြင်း(သို့မဟုတ်) မိမိကိုယ်ကို ဒဏ်ရာ အနာတရဖြစ်အောင် ပြုလုပ်ခြင်း။
  5. ပထမအကြိမ် ပရီမီယံပေးသွင်းပြီးနောက် ကျန်ကာလများအတွက် ပရီမီယံပေးသွင်းမှုစနစ်အရ ပရီမီယံပေးသွင်းရန် စေ့ရက်ရောက်သည့်နေ့မှ (၁၅)ရက်အတွင်း နောက်ဆုံးထားပေးသွင်းရန်၊ တောင်းခံငွေ ပေါ်ပေါက်ပါက အကျိုးခံစားခွင့်ပေးမည့်ငွေမှ (၁)နှစ်စာအတွက် ပေးသွင်းရန်ကျန်ရှိသည့် ပရီမီယံကို ခုနှိမ်၍ပေးလျော်မည်။ ပရီမီယံကြေးပေးသွင်းခြင်းမရှိဘဲ ပရီမီယံကြေးပေးသွင်းရန် စောင့်ဆိုင်းပေးသည့်ကာလကို ကျော်လွန်သွားပါက အာမခံစာချုပ်သည် စောင့်ဆိုင်းကာလ ပြည့်သည့်နေ့ နောက်တစ်နေ့မှစပြီး အကျိုးသက်ရောက်မှု ပျက်ပြယ်သွားမည်ဖြစ်ပါသည်။ သက်တမ်းဆက် ပေါ်လီစီများအတွက် အာမခံသက်တမ်း ပြန်စသည့် ကြားကာလတွင် ပရီမီယံပေးသွင်းရန် စောင့်ဆိုင်းကာလ မရှိပါ။
  6. အာမခံထားသူအနေဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူရပါက အာမခံလက်ခံသူသို့ ကြိုတင် အကြောင်းကြားရန်ဖြစ်ပြီး ဆေးရုံမှဆင်းသည့်နေ့မှစ၍ အလုပ်လုပ်ရက် (၁၀)ရက်အတွင်း ဆေးကုသမှုမှတ်တမ်းနှင့်တကွ အကျိုးခံစားခွင့် တောင်းခံရမည်။
  7. အကျိုးခံစားခွင့်တင်ပြတောင်းခံခြင်းအတွက် အာမခံလက်ခံသူမှထပ်မံတောင်းခံသော လိုအပ်ချက်များကို အာမခံထားသူမှ (၃)လအတွင်း ပေးပို့နိုင်ခြင်းမရှိပါက အကျိုးခံစားခွင့်ဆုံးရှုံးမည်။
  8. အာမခံထားရှိပြီး (၁)လအတွင်း ဆေးရုံစရိတ်တောင်းခံသော ဖြစ်ရပ်များအတွက် တင်ပြသောရောဂါများကို အာမခံလက်ခံသည့်ကုမ္ပဏီ၏ ကျွမ်းကျင်သူများမှ ထပ်မံစိစစ်မည်ဖြစ်သည်။
  9. ကျန်းမာရေးအာမခံသည် ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူရခြင်းအတွက် အာမခံအကာအကွယ် ပေးခြင်းသာဖြစ်၍ အာမခံထားသူဆန္ဒအရ ဆေးစစ်ရန် ဆေးရုံတက်ခြင်းအတွက် အကျုံးမဝင်ပါ။
  10. ဆေးရုံ/ဆေးခန်းပြသခြင်း အကျိုးခံစားခွင့်အနေဖြင့် အာမခံကုမ္ပဏီကသတ်မှတ်ထားသည့် ဆရာဝန်၏ ဆေးစစ်ချက် ထောက်ခံစာ (သို့မဟုတ်) ဆေးကုသမှုမှတ်တမ်းစာအုပ်ဖြင့် ဆေးရုံ/ဆေးခန်း ပြသထားခြင်း ရှိ/ မရှိကို အတည်ပြုနိုင်ရန် လိုအပ်ပါသည်။