Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ကိုယ်အင်္ဂါထိခိုက်မှု အာမခံ

ရည်ရွယ်ချက်

ကိုယ်အင်္ဂါထိခိုက်မှုအာမခံသည် အာမခံဝယ်ယူထားသော မည်သူမဆို အာမခံသက်တမ်းအတွင်း မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးခြင်း၊ ထာဝစဉ်မစွမ်းမသန်ဖြစ်ခြင်း၊ ကိုယ်အင်္ဂါ ထိခိုက်ဒဏ်ရာရခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးခြင်း၊ ဆေးရုံတက်ရခြင်း၊ အလုပ်မလုပ်နိုင်ခြင်းများ ဖြစ်ပွားသည့်အခါ အကျိုးခံစားခွင့်ရရှိမည်ဖြစ်သည်။

ကိုယ်အင်္ဂါထိခိုက်မှုအာမခံ

အသက်အရွယ်ကန့်သတ်ချက်အသက် ၁၆ နှစ်မှ ၆၅ နှစ်
အာမခံထားငွေကျပ် (၅)သိန်း မှ ကျပ်သိန်း (၂၀ဝ) အထိ။
(သို့)
အမေရိကန်ဒေါ်လာ ၁,ဝ၀ဝ မှ ၂၀ဝ,ဝ၀ဝ အထိ။
အာမခံသက်တမ်း(၃) လ၊ (၆) လ၊ (၁) နှစ်။
ပရီမီယံပေးသွင်းခြင်းပရီမီယံကို တစ်လုံးတည်း ပေးသွင်းရမည်။
ပရီမီယံနှုန်းအာမခံထားငွေ၏ (ဝ.၇%)
အာမခံသက်တမ်း (၃)လ - (၁)နှစ်သက်တမ်း၏ အချိုးကျ ပရီမီယံ
- တပ်မတော်၊ ပြည်သူ့ရဲ၊ လေယာဉ်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်းစသော အန္တရာယ်များသည့် အလုပ်အကိုင်အတွက် အပိုပရီမီယံ (၀.၃%) ပေးဆောင်ရမည်။

အကျိုးခံစားခွင့်များ

  1. မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးခြင်း။
  2. မတော်တဆ ထိခိုက်မှုကြောင့် ထာဝစဉ်မစွမ်းမသန်ဖြစ်ခြင်း။
  3. မတော်တဆ ထိခိုက်မှုကြောင့် ကိုယ်အင်္ဂါ ထိခိုက်ဒဏ်ရာရခြင်း။ ခြေလက်အင်္ဂါဆုံးရှုံးခြင်း။
  4. မတော်တဆ ထိခိုက်မှုကြောင့် ဆေးရုံတက်ရခြင်း။ အလုပ်မလုပ်နိုင်ခြင်း။

* အာမခံထားသူတစ်ဦးသို့ အများဆုံးပေးလျော်မည့် အကျိုးခံစားခွင့်သည် အာမခံထားငွေဖြစ်သည်၊ *

အကျိုးခံစားခွင့် အကျုံးမဝင်သောအချက်များ။

  1. ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို ဒဏ်ရာအနာတရဖြစ်စေခြင်း၊ မစွမ်းမသန်ဖြစ်စေခြင်းနှင့် သေဆုံးခြင်း။
  2. မူးယစ်စေတက်သောဆေးဝါး သုံးစွဲထားစဉ် (သို့) သုံးစွဲခြင်းကြောင့် ဒဏ်ရာအနာတရဖြစ်ခြင်း၊ မစွမ်းမသန်ဖြစ်ခြင်းနှင့် သေဆုံးခြင်း။
  3. ရောဂါကြောင့် သေဆုံးခြင်း၊ မစွမ်းမသန်ဖြစ်ခြင်း။
  4. စစ်ဖြစ်ပွားခြင်း၊(စစ်ကြေညာသည်ဖြစ်စေ၊မကြေညာသည်ဖြစ်စေ)၊ စစ်အသွင်တိုက်ခိုက်ခြင်း၊ ပြည်တွင်းစစ်၊ ပုန်ကန်ခြင်း၊ အဓိကရုဏ်း၊ စစ်တပ် (သို့) လူထုအုံကြွခြင်း၊ သောင်းကျန်းခြင်း၊ သူပုန်ထခြင်း၊ တော်လှန်ခြင်း၊ စစ်တပ်အာဏာသိမ်းခြင်း၊ စစ်အမိန့် ထုတ်ပြန်ခြင်း (သို့) သိမ်းပိုက်ထားခြင်း၊ ပြည်တွင်းဆူပူသောင်းကျန်းခြင်း၊ ၄င်းတို့ကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများ (သို့) ၄င်းတို ့၏ အကျိုးဆက်များကြောင့် ဒဏ်ရာရခြင်း၊ မစွမ်းမသန်ဖြစ်ခြင်းနှင့် သေဆုံးခြင်း။
  5. ရာဇဝတ်မှူ ကျုးလွန်ရာမှ ဒဏ်ရာအနာတရဖြစ်စေခြင်း၊ မစွမ်းမသန်ဖြစ်ခြင်းနှင့် သေဆုံးခြင်း။
  6. သူတစ်ပါး၏ လက်ချက်ကြောင့်ဖြစ်စေ၊ သူတစ်ပါး၏ ကြိုးပမ်းအားထုတ်ဆေး၊ ယင်းနှင့်စပ်လျဉ်း၍ဖြစ်စေ ဒဏ်ရာရခြင်း၊ မစွမ်းမသန်ဖြစ်ခြင်းနှင့် သေဆုံးခြင်း။

အကျိုးခံစားခွင့်တောင်းခံခြင်း။

  1. မတော်တဆထိခိုက်မှုဖြစ်ပွားပြီးနောက် (၃) လ ကျော်လွန်ပြီး (၄) လ မတိုင်မီ ဖြစ်ပေါ်သော ဒဏ်ရာရခြင်း၊မစွမ်းမသန်ဖြစ်ခြင်းနှင့် သေဆုံးခြင်းများမှာ အဆိုပါမတော်တဆ ဖြစ်ပွားမှုကြောင့် ဖြစ်ကြောင်းခိုင်လုံစွာ သက်သေပြနိုင်မှသာ ၄င်းတို့သည် ဤအာမခံ၌ အကျုံးဝင်မည်ဖြစ်သည်။
  2. အကျိုးခံစားခွင့်တောင်းမည့် အဖြစ်အပျက်တစ်စုံတစ်ရာပေါ်ပါက အချက်အလက်အပြည့်အစုံနှင့်တကွ ဤကုမ္မဏီသို့ (၁၄)ရက်အတွင်း အကြောင်းကြားရမည်။ သတ်မှတ်ထားသောတောင်းခံလွှာဖြင့် လိုအပ်သောအထောက်အကူများ ပူးတွဲ၍ တောင်းခံရမည်။
  3. ဒဏ်ရာရခြင်း၊ မစွမ်းမသန်ဖြစ်ခြင်း နှင့် သေဆုံးခြင်းများအတွက် ကုမ္မဏီ၏ဆရာဝန်များက အလောင်းကိုခွဲစိတ်စစ်ဆေးခြင်း (Post-mortem Examination) အပါအဝင် လိုအပ်သလိုစစ်ဆေးမည်။
  4. ဤကုမ္မဏီက ဤအာမခံကိုဖျက်သိမ်းခဲ့လျှင် တည်မြဲခဲ့သောကာလအတွက် အချိုးကျရက်တွက် ပရီမီယမ်နှုန်း (Pro Rata) နှင့် တွက်ချက်၍ ပိုငွေပြန်အမ်းမည်။
  5. မစွမ်းမသန်ဖြစ်ခြင်း အတွက် အကျိုးခံစားခွင့်ကို အခြားအကျိုးခံစားခွင့်နှင့် ပူးတွဲခံစားခွင့်မရှိပါ။
  6. အကျိုးခံစားခွင့် ပေးလျော်ခြင်းနှင့်စပ်လျဉ်း၍ အာမခံထားသူ/အခြားအကျိုးခံစားခွင့်ရှိသူနှင့် အာမခံလက်ခံသူတို ့သဘောထား ကွဲလွဲခြားနားမှု ပေါ်ပေါက်ခဲ့လျှင် တခြားကိစ္စများ မပါဝင်ဘဲ ယင်းခြားနားမှု တစ်ခုတည်းအတွက်သာ သဘောထားမတိုက်ဆိုင်သူ ၂ ဦးက စာဖြင့် ရေးသားခန့်အပ်သော အနညာတခုံ လူကြီး၏ ဆုံးဖြတ်ချက်ကိုနာခံရမည်။ (သို့မဟုတ်) ၎င်းတို့ ၂ ဦးက ခုံလူကြီးတစ်ဦးတည်း ခန့်အပ်ခြင်းကို သဘောမတူလျှင် ဆုံးဖြတ်ရမည့်ကိစ္စနှင့် လုံးဝမသက်ဆိုင်သည့် ခုံလူကြီး (၂) ဦး၏ ဆုံးဖြတ်ချက်ကိုနာခံရမည်။အခြားတစ်ဦးက ခုံလူကြီးခန့်ထားရန် စာရေးအကြောင်းကြားလာလျှင် ကျန်တစ်ဦးက မိမိ၏ ခုံလူကြီးအား ပြက္ခဒိန် ၂ လ အတွင်း ခန့်ထားရမည်။သဘောထားမတိုက်ဆိုင်သူ တစ်ဦးဦးသည် မိမိ၏ ခုံလူကြီးအားခန့်ထားရန် နို့တစ်စာကိုလက်ခံရရျိပြီးနောက် ပြက္ခဒိန် ၂ လ အတွင်း မိမိ၏ ခုံလူကြီးအားခန့်ထားရန် ငြင်းဆန်လျှင်သော်လည်းကောင်း၊ပျက်ကွက်လျှင်သော်လည်းကောင်း၊ ကျန်သဘောထားမတိုက်ဆိုင်သူ တစ်ဦးတည်းသော ခုံလူကြီးကို ခန့်ထားပိုင်ခွင့်ရှိသည်။ ခုံလူကြီး (၂) ဦးအတွင်း သဘောထားကွဲလွဲလျှင် ဆုံးဖြတ်ရန်ကိစ္စကို မဆောင်ရွက်မီကပင် ၎င်းတို့နှစ်ဦးစလုံးက ကြိုတင်စာရေးခန့်ထားသော ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကိုနာခံရမည်။ ဒိုင်လူကြီးသည် ခုံလူကြီးများနှင့် အတူတကွရုံးထိုင်ကာ ၎င်းတို့ဆွေးနွေးညှိနှိုင်းခြင်းအပေါ်တွင် သဘာပတိမူရမည်။သဘောထားမတိုက်ဆိုင်သူ တစ်ဦးဦးသေဆုံးခြင်းကြောင့် ခုံလူကြီး၊ ခုံလူကြီးများ (သို့မဟုတ်) ဒိုင်လူကြီး၏ အာဏာနှင့် လုပ်ပိုင်ခွင့် အသီးသီးကို မထိခိုက်၊ မပျက်ပျယ်စေရ။ ခုံလူကြီးတစ်ဦး (သို့) ဒိုင်လူကြီး သေဆုံးလျှင် ၎င်းအား ခန့်အပ်ခဲ့သော သဘောထားမတိုက်ဆိုင်သူကလည်းကောင်း၊ (ဖြစ်ပေါ်သည့်အတိုင်း) သေဆုံးသူအစား တခြားတစ်ဦးဦးအားအစားထိုးခန့်ထားရမည်။ ဆုံးဖြတ်ရန် ဆောင်ရွက်ခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့အတွက် ကျသင့်စရိတ်စကမှာ ယင်းဆုံးဖြတ်ချက်ကို ချမှတ်သည့် ခုံလူကြီး၊ ခုံလူကြီးများ၊ (သို့မဟုတ်) ဒိုင်လူကြီးက သတ်မှတ်သည့်အတိုင်းဖြစ်သည်။ အကျိုးခံစားခွင့် ပေးလျော်ခြင်းနှင့်စပ်လျဉ်း၍ အငြင်းပွားပါက ခုံလူကြီး၊ ခုံလူကြီးများ (သို့မဟုတ်) ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို ဦးစွာရရှိပြီးမှသာ ဤပေါ်လစီနှင့်အညီ မည်သည့်ဥပဒေအကြောင်းအရ ဆောင်ရွက်ခြင်း (သို့မဟုတ်) တရားစွဲဆိုခြင်းကိုမဆို ပြုလုပ်နိုင်ခွင့်ရှိသည်။ ထိုကဲ့သို့ တရားဥပဒေ စွဲဆိုခြင်းကို ဆုံးဖြတ်ချက်ရရှိပြီးနောက် ၁၂ လအတွင်းမဆောင်ရွက်လျှင် အကျိုးခံစားခွင့် တောင်းခံခြင်းကို လုံးဝစွန့်လွှတ်လိုက်ပြီဟု ယူဆရမည်ဖြစ်ကာ မည်သည့်အကျိုးခံစားခွင့်ကိုမှ မရရှိနိုင်တော့ပါ။
  7. အဆိုလွှာတွင် ဖြည့်စွက်ချက်များ/ အဖြေစသည်များ တိကျမှန်ကန်ခြင်းနှင့် ပေါ်လစီစည်းမျဉ်းများကို လိုက်နာဆောင်ရွက်ခြင်းမှာ အကျိုးခံစားခွင့်ပေးချေခြင်းအတွက် အဓိကလိုအပ်ချက်များဖြစ်သည်။