
Capital Taiyo Life Insurance ဖြစ်တည်လာပုံ
ဘဏ္ဍာရေးနှင့်စီမံရေးရာဝန်ကြီးဋ္ဌာန (ယခုဘဝန်ကြီးဋ္ဌာန)သည် မြန်မာနိင်ငံတွင် အာမခံလုပ်ငန်းများ စတင်လုပ်ကိုင်ရန် ခွင့်ပြုကြောင်းကို ၂၀၁၂ခုနှစ်တွင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံမှ အကြီးမားဆုံး အဖွဲ့အစည်းတစ်ခုဖြစ်သော Capital Diamond Star Group သည် မြန်မာနိင်ငံတွင် ပထမဆုံး ပေါ်ပေါက်လာသော အာမခံလုပ်ငန်းများထဲမှ တစ်ခုဖြစ်လာနိင်ခြင်း၊ ငွေကြေးအရ တွေ့ကြုံ၇မည့် အခက်အခဲများကို ကြိုတင်ကာကွယ်ထားနိုင်ခြင်း၊ မြန်မာနိင်ငံလူထု၏ ကောင်းကျိုးကို ပိုမိုထောက်ပံ့ပေးနိုင်ခြင်:စသည့်အခွင့်အလမ်းများကိုမြင်၍လုပ်ငန်းပါတနာများနဲ့တွဲဖက်လုပ်ဆောင်ကာ ပထမဆုံး အသက်အာမခံလိုင်စင် ရရှိအောင် ဆောင်ရွက်ခဲ့ပြီး Capital Taiyo Life Insurance ကို တည်ထောင်ခဲ့သည်။
Capital Taiyo Life Insurance ကို ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကနဦးအစမှာပင် လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်အတွက်ချမှတ်ထားသောအစီအစဉ်များအတိုင်းကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့သည်။ ဝန်ထမ်းများအတွက် training program များပြုလုပ်ပေးခြင်း၊ အဖွဲ့အစည်းတစ်ခုလုံး ပါဝင်ဆောင်ရွက်စေခြင်းဖြင့်လုပ်ငန်းအတွက်ကောင်းမွန်သောအလေ့အထတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
Capital Taiyo Life Insurance အား ယေဘုယျအားဖြင့် ခြုံငုံသုံးသပ်လေ့လာခြင်း
Capital Taiyo Life Insurance သည် မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေးစနစ်ရှိ လျင်မြန်စွာ တိုးတက်နေသော အသက်အာမခံ အဖွဲ့အစည်းများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချရဆုံးအာမခံလုပ်ငန်းတစ်ခုဖြစ်စေရန်မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်ကိုက်ညီသင့်လျော်သော အာမခံအမျိုးအစားများနဲ့ အာမခံနှင့်သက်ဆိုင်သော အစီအစဉ်များကို ထုတ်လုပ် ဆောင်ရွက်ခဲ့သည်။Capital Taiyo Life Insurance တွင်အာမခံထားရှိသူများအား ယုံကြည်စိတ်ချရသော အကာအကွယ်ပေးနိုင်မှု၊ ကောင်းမွန်သော ဝန်ဆောင်မှုတို့ဖြင့် ရေရှည်တွင် နှစ်ဦးနှစ်ဖက်လုံး အောင်မြင်မှု ရရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်သည်။
Capital Taiyo Life Insurance team သည် မြန်မာနိုင်ငံ အာမခံနယ်ပယ်တွင် အနှစ် ၅၀ ကျော် အတွေ့အကြုံရှိုပြီး အာရှတွင်သာမက ကမ္ဘာမှာပါ အနှစ်၃၀ကျော် အတွေ့အကြုံရှိသော ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည်။ထို့ကြောင့်အသက်အာမခံထားရှိသူများ၏လိုအပ်ချက်များကိုဆန်းသစ်ကောင်းမွန်သောနည်းလမ်းများဖြင့်ကျွန်ုပ်တို့၏အဖွဲ့အစညး်မှအကောင်းဆုံးလုပ်ဆောင်ပေးနေပါသည်။
Capital Taiyo Life Insurance ၏ ဘဏ္ဍာရေးပိုင်ဆိုင်မှု
ကျွန်ုပ်တို့၏ တောင့်တင်းခိုင်မာသော ဘဏ္ဍာရေးအခြေအနေကို ကြည့်ခြင်းဖြင့် အာမခံထားရှိသူများ အနေဖြင့်လည်း ငွေရေးကြေးရေးအရ စိတ်ပူစရာမလိုဘဲ မိမိမိသားစုအတွက် ယုံကြည်စိတ်ချစွာ အာမခံထားရှိနိုင်ပါသည်အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကချမှတ်ပေးထားသောစည်းမျဉ်းစည်းကမ်းများကိုလိုက်နာမှုရှိပြီးသီးသန့်ရန်ပုံငွေထားရှိမှုလညး်ပြည့်မှီသည့်အတွက်အာမခံထားရှိသူများအနေဖြင့် အပြည့်အဝယုံကြည်နိုင်ပါသည်။
ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် အမြဲတမ်းကောင်းမွန်သော အသက်အာမခံလုပ်ငန်းတစ်ခုဖြစ်နေစေရန် ကြိုးပမ်းဆောင်ရွက်နေရုံမကအာမခံနယ်ပယ်တွင်လည်းဘဏ္ဍာရေးအခြေအနေခိုင်မာသောအာမခံလုပ်ငန်းတစ်ခုအဖြစ် အမြဲတစေ ရပ်တည်နိုင်စေရန် ကြိုးပမ်းလျက်ရှိပါသည်။



Capital Taiyo Life Insurance ၏ အာမခံရောင်းချမှုနှင့် အာမခံအမျိုးအစားများ
ကျွန်ုပ်တို့သည်များပြားသောနေရာများမှအာမခံများကိုရောင်းချလျက်ရှိပြီးအာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ခွင့်ပြုချက်အောက်တွင်ပင်အာမခံအမျိုးအစားသစ်များထုတ်လုပ်နိုင်ရန်ဆောင်ရွက်လျက်ရှိပါသည်။ ယခု ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ မုံရွာ၊ ပုသိမ် စသော မြို့များတွင်ရုံးခွဲများ ဖွင့်လှစ်ထားပြီး ၂၀၂၀ တွင် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးတွင် ရုံးခွဲများ ထပ်မံဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
- In-house Sales staff
- Agents
- Affiliated Associations
- Microfinance Companies
- နှစ်တိုငွေပင်ငွေရင်းအသက်အာမခံ
- ပညာရေးအသက်အာမခံ
- စုပေါင်းအသက်အာမခံ
- ကျန်းမာရေးအာမခံ
- ပြင်းထန်သောရောဂါကုသမှုအာမခံ
- ကိုယ်အင်္ဂါထိခိုက်မှု အာမခံ
- ပရီမီယံတစ်ကြိမ်ပေး ချေးငွေအသက်အာမခံ
- ပရီမီယံတစ်ကြိမ်ပေးနှစ်တို ချေးငွေအသက်အာမခံ
- မိုင်(၁၀၀) အောက် ခရီးသွားအာမခံ
- ပြည်တွင်းပြည်ပ ခရီးသွားအာမခံ
- အဝေးပြေးအမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံ
- မြွေအန္တရာယ်အာမခံ
- အားကစားကိုယ်အင်္ဂါထိခိုက်မှုအာမခံ
Our Customer List










