ကျွန်ုပ်တို့ဝန်ထမ်းများ
ကျွန်ုပ်တို့၏ ဝန်ထမ်းများသည် အဖွဲ့အစည်း၏ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြပါသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းများသည် ကုမ္ပဏီတိုးတက်ရေးအတွက် အဓိကမောင်းနှင်ပေးလျက်ရှိသော အင်အားစုပင်ဖြစ်ကြသည်။ Capital Taiyo Life Ltd. မှလည်း ဝန်ထမ်းများအတွက် အသင့်တော်ဆုံးလုပ်ငန်းခွင်နေရာ၊ပတ်ဝန်းကျင် ရရှိစေရန်နှင့် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပေါ်လာစေရန် အစဉ်အမြဲကြိုးစားဆောင်ရွက် လျက်ရှိပါသည်။ ဝန်ထမ်းများ နေ့စဉ်စိန်ခေါ်မှုများကျော်လွှားနိုင်ရန်နှင့် အကောင်းဆုံးရလဒ်များရရှိရန် လိုအပ်သော အရင်းအမြစ်များ၊ စီးပွားရေးလုပ်ဆောင်မှုများနှင့် တာဝန်များအပေါ်အခြေခံ၍ လိုအပ်သော သင်တန်းများနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များကိုလည်း ထောက်ပံ့ပေးလျက်ရှိပါသည်။


လုပ်ငန်းခွင်မှရရှိနိုင်မည့်အကျိုးကျေးဇူးများ
Capital Tiayo Life Ltd. အနေဖြင့် ဝန်ထမ်းများ အစွမ်းကုန်ကြိုးစားအားထုတ်နိုင်စေရန်အတွက် ပျော်ရွှင်ဖွယ်ရာ လုပ်ငန်းခွင်ဖြစ်ပေါ်စေရေးနှင့် ဝန်ထမ်းများအား ဂရုစိုက်မှုပေးနိုင်ရေး ကြိုးစားဖန်တီးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ဝန်ထမ်းများအတွက် အသင်းအဖွဲ့လှုပ်ရှားမှုများပြုလုပ်ခြင်း၊ စုပေါင်းအသက်အာမခံထားပေးခြင်းစသည်ဖြင့် ဝန်ထမ်းများသာမက ဝန်ထမ်းမိသားစုဝင်များအတွက်ပါ ထောက်ပံ့ပေးနိုင်ရန်အတွက်ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိပါသည်။
Training and Development
Capital Taiyo Life Insurance Ltd. သည် နှစ်အလိုက် သင်ကြားရေးအစီအစဉ်များနှင့် ကျွမ်းကျင်မှုတိုးမြှင့်ရေး အစီအစဉ်များကို ကောင်းမွန်စွာရေးဆွဲထားပါသည်။ဝန်ထမ်းများ၏ သင်ကြားမှုလိုအပ်ချက်များအား အဖွဲ့အစည်း လိုအပ်ချက်အလိုက်၊ ရာထူးလိုအပ်ချက်အလိုက် နှစ်စဉ်သုံးသပ်လျက်ရှိပြီး၊ သင်ကြားမှုလိုအပ်ချက်သုံးသပ်ခြင်း အပေါ်အခြေခံ၍ ကျွန်ုပ်တို့သည် ဒေသတွင်းနှင့် နိုင်ငံတစ်ကာမှ ကျွမ်းကျင်သူများမှ ဝန်ထမ်းများ၏ အဓိက အရည်အချင်းပိုင်းဆိုင်ရာ လေ့ကျင်သင်ကြားမှုများ၊ အလုပ်တာဝန်နှင့်ပတ်သတ်သောသင်တန်းများ၊ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာနှင့်ပတ်သတ်သော သင်တန်းများအား စီစဉ်ရေးဆွဲပို့ချလျက်ရှိပါသည်။ထို့အပြင် ကျွနု်ပ်တို့ ထံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျွမ်းကျင်၍အလားအလာရှိသည့် ဝန်ထမ်းများအတွက် သက်မွေး ဝမ်းကြောင်းမှုနှင့် အဆင့်မြင့်သင်ကြားရေးဆိုင်ရာ အစီအစဉ်များကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
