Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ပညာရေးအသက်အာမခံ

မိတ်ဆက်

ပညာရေးအသက်အာမခံ၏ အနှစ်သာရမှာ အကျိုးခံစားခွင့်ရရှိမည့် သားသမီးများ တက္ကသိုလ်ပညာသင်ကြားချိန်တွင် ငွေရေးကြေးရေးအတွက် စိတ်ပူပင်သောကကင်းဝေးစွာဖြင့် တက္ကသိုလ်မှဘွဲ့ရသည့်တိုင် ပညာသင်ကြားနိုင်ရန် ဖြစ်ပါသည်။ ထို့အပြင် ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို လိုလားသည့် ပြည်သူများသည်မိမိတို့၏ ရင်သွေးများကို အဆင့်မြင့်တက္ကသိုလ်ပညာအား စိတ်ချမ်းမြေ့စွာဖြင့် သင်ကြားနိုင်မည် ဖြစ်ပါသည်။

ရည်ရွယ်ချက်

  • သားသမီးများ၏ ပညာရေးအတွက် ငွေကြေးချွေတာစုဆောင်းသည့် အလေ့အထ ရရှိစေခြင်း။
  • ပညာရေးအသက်အာမခံ ထားရှိသူသည် အာမခံသက်တမ်းအတွင်း သေဆုံးခြင်း၊ ထာဝစဉ်လုံးဝမသန်စွမ်း ဖြစ်ခြင်းများကြောင့် အကျိုးခံစားခွင့်ရှိ သားသမီးများ၏ ပညာရေး ရပ်ဆိုင်းမသွားစေပဲ ဆုံးခန်းတိုင် ဘွဲ့ရသည်အထိ အကာအကွယ်ပေးနိုင်ခြင်း။

'ပညာရေးအသက်အာမခံ(Education Life Insurance)' ထားခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ။

  1. သားသမီးများ၏ ပညာရေးအတွက် ချွေတာစုဆောင်းသည့် အလေ့အထကောင်း ရရှိစေခြင်း၊
  2. မမျှော်လင့်သော ဖြစ်ရပ်ဆိုးများနှင့် ကြုံခဲ့သော်လည်း သားသမီးများ၏ ပညာရေး ရပ်ဆိုင်းမသွားစေပဲ ပညာရေးအတွက် ငွေကြေးအထောက်အပံ့ ရစေခြင်း၊
  3. ပေးသွင်းရသည့် ပရီမီယံပမာဏထက် ပိုမိုသေ ာအာမခံအကျိုးခံစားခွင့်ငွေရနိုင်ခြင်း၊
  4. ဝင်ငွေခွန်သက်သာခြင်း၊
  5. အာမခံအကျိုးခံစားခွင့်ပေါ်တွင် အခွန်ကင်းလွတ်ပိုင်ခွင့်ရှိခြင်း၊
  6. အာမခံမှရရှိသည့် အကျိုးခံစားခွင့်ကို မည်သည့်ကြွေးရှင်မှ ဝရမ်းမကပ်နိုင်ခြင်း။
အာမခံအမျိုးအစားငွေစုဆောင်းသည့် (Saving Type) အာမခံအမျိုးအစား ဖြစ်ပါသည်။ပညာရေးအသက်အာမခံကို အခြေခံ အကျိုးခံစားခွင့်ပုံစံ (Basic Benefit Plan) အမျိုးအစားနှင့် နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်ပုံစံ (Double Benefit Plan) အမျိုးအစားဟူ၍ ဝယ်ယူရရှိနိုင်ပါသည်။
ပေါ်လစီရှင်ပေါ်လစီရှင်ဆိုသည်မှာ အာမခံပေါ်လစီအတွက် တရားဝင်ပိုင်ဆိုင်ခွင့်ရှိသော လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) တရားဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုကို ရည်ညွှန်းပါသည်။
အာမခံထားသူအာမခံထားသူ (Insured) ဆိုသည်မှာ အာမခံပေါ်လစီ စည်းကမ်းချက်များနှင့်အညီ အာမခံအကာအကွယ် ရရှိထားသော လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ညွှန်းပါသည်။
အာမခံထားနိုင်ခွင့်ရှိသူမိမိသားသမီးများ၏ ပညာရေးအတွက် မိမိအသက်ကို အာမခံထားနိုင်ပါသည်။
အာမခံထားသူ၏အသက်ကန့်သတ်ချက်အာမခံထားသူသည် အာမခံထားသည့်အချိန်တွင် အသက်(၁၈)နှစ်မှ (၅၆)နှစ်အတွင်း ရှိသူများ ဖြစ်ရပါမည်။ (အသက် ၅၆နှစ် ရှိသူများအနေဖြင့် အာမခံသက်တမ်း (၉)နှစ်ကိုသာ ထားရှိနိုင်မည်။)
အာမခံသက်တမ်းပရီမီယံပေးသွင်းသည့်နေ့မှစ၍ (၉)နှစ်၊ (၁၁)နှစ်၊ (၁၄)နှစ် စသည်ဖြင့် သတ်မှတ်ထားပါသည်။
ပရီမီယံပေးသွင်းရန်သက်တမ်းအာမခံသက်တမ်းအပေါ် မူတည်၍ (၅)နှစ်၊ (၇)နှစ်၊ (၁၀)နှစ် စသည်ဖြင့် ပေးသွင်းရမည်။
အာမခံထားနိုင်သည့်ငွေပမာဏအနည်းဆုံး ကျပ်(၅၀)သိန်းမှ အများဆုံး ကျပ်သိန်း (၁,ဝ၀ဝ) အထိ အာမခံထား ရှိနိုင်ပါသည်။
ကျန်းမာရေးစစ်ဆေးခြင်းပညာရေးအသက်အာမခံ ထားရှိသူသည် ကျန်းမာရေးစစ်ဆေးမှု ခံယူရန် လိုအပ်ပါသည်။
ပရီမီယံနှုန်းအာမခံထားသူ၏အသက်၊ အာမခံသက်တမ်း နှင့် အာမခံထားငွေတို့အပေါ် မူတည်၍ ပေးသွင်းရမည့် ပရီမီယံနှုန်းကို တွက်ချက်ထားပါသည်။
ပရီမီယံပေးသွင်းခြင်း• ပရီမီယံကို ၁လတစ်ကြိမ်၊ ၃လတစ်ကြိမ်၊ ၆လတစ်ကြိမ်၊ ၁၂လ တစ်ကြိမ် အရစ်ကျပေးသွင်းနိုင်သည်။
• (၃)လတစ်ကြိမ်၊(၆)လတစ်ကြိမ်၊ (၁)နှစ်တစ်ကြိမ် ပေးသွင်းသည့် ပေါ်လစီများအတွက် ပရီမီယံပေးသွင်းရန် အပို ရက်(၃၀) ခွင့်ပြုပါသည်။ (၁)လတစ်ကြိမ်ပေးသွင်းသည့် ပေါ်လစီများအတွက် အပို (၁၅)ရက် ခွင့်ပြုပါသည်။
• အပိုရက်အတွင်း ပရီမီယံပေးသွင်းရန် ပျက်ကွက်လျှင် ပေါ်လစီပျက်ပြယ်သည်။
အကျိုးခံစားခွင့် လွှဲပြောင်းခြင်းအကျိုးခံစားခွင့် လွှဲပြောင်းခြင်းခံရသူ ဆိုသည်မှာ အသက်အာမခံပေါ်လစီတွင် အာမခံထားသူ သေဆုံး/ ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်းကြောင့် ရရှိမည့် အကျိုးခံစားခွင့်ကို တရားဝင် ထုတ်ယူခံစာ ပိုင်ခွင့်ရှိသော အာမခံစာချုပ်တွင် ရေးသားဖော်ပြထားသည့် လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) တရားဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းကို ရည်ညွှန်းပါသည်။

ပညာရေးအသက်အာမခံပေါ်လစီအကျိုးခံစားခွင့်များ

  1.  သေဆုံးမှုအကျိုးခံစားခွင့် (Death benefit)
    အာမခံသက်တမ်းအတွင်း ပညာရေးအသက်အာမခံ နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်ပုံစံ (Double Benefit Plan) အမျိုးအစားကို ဝယ်ယူထားသော အာမခံထားသူ သေဆုံးပါက အာမခံထားငွေကို အကျိုးခံစားခွင့် ရှိသူအား ထုတ်ပေးပါမည်။
  2. ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့် (Total Permanent Disability Benefit)
    ပညာရေးအသက်အာမခံ နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်ပုံစံ (Double Benefit Plan) အမျိုးအစားကို ဝယ်ယူထားသော အာမခံထားသူသည် ပေါ်လစီတည်မြဲနေစဉ်အတွင်း ရုတ်တရက် ထိခိုက်ခြင်းကြောင့် လည်းကောင်း၊ ရောဂါကြောင့်လည်းကောင်း ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်၍ ဝင်ငွေရရှိသော အလုပ်အကိုင်ကို လုံးဝမလုပ်ကိုင်နိုင်လျှင် အာမခံထားငွေကို တလုံးတည်းထုတ်ပေးပါမည်။
  3. ပရီမီယံကင်းလွတ်ခွင့် (Premium Waiver)
    အာမခံထားရှိသူသည် ပေါ်လစီတည်မြဲနေစဉ်အတွင်း သေဆုံးခဲ့လျှင် သော်လည်းကောင်း၊ ထာဝစဉ်လုံးဝမသန်စွမ်းခဲ့လျှင် သော်လည်းကောင်း ထိုထိခိုက်ဆုံးရှုံးမှု ဖြစ်ပွားပြီးနောက်ပိုင်း ပရီမီယံကြေးပေးသွင်းရမည့်ရက် ရောက်သည့်နေ့မှစ၍ ပရီမီယံကြေးပေးသွင်းသည့်ကာလ ပြီးဆုံးချိန်အထိ ပေါ်လစီရှင်မှ အာမခံကုမ္ပဏီသို့ ပေးသွင်းရန် ကျန်ရှိသော ပရီမီယံများ အားလုံးကို ဆက်လက်ပေးသွင်းရန် မလိုတော့ပဲ ကင်းလွတ်ခွင့်ရှိပါသည်။ အာမခံကုမ္ပဏီမှ ပရီမီယံကြေးများ ကင်းလွတ်ခွင့် ပေးထားသည့် ကာလအတွင်း ပေါ်လစီသည် ဆက်လက်တည်မြဲ နေမည်ဖြစ်ပြီး သတ်မှတ် ထားသော သက်တမ်း ရောက်သည့်အခါ ပညာရေးအကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်ပါသည်။
  4. ပညာရေးအကျိုးခံစားခွင့် (Education Benefit)
    ဤပညာရေးအာမခံ ပေါ်လစီသည် ပရီမီယံပေးသွင်းရသည့် သက်တမ်းပြီးဆုံးသွားသော်လည်း ဆက်လက်တည်မြဲနေမည်ဖြစ်ပြီး ပရီမီယံပေးသွင်းရသည့် သက်တမ်းပြီးဆုံးချိန်မှစ၍အာမခံသက်တမ်း စေ့ရက်ရောက်သည့်နေ့ အပါအဝင် တစ်နှစ်ပြည့်သည့်နေ့သို့ရောက်တိုင်း အာမခံကုမ္ပဏီမှ ပညာရေး အကျိုးခံစားခွင့်အဖြစ် အာမခံထားငွေ၏ ၂၀% စီကို ပြန်လည်ထုတ်ပေးမည် ဖြစ်သည်။ (အာမခံသက်တမ်း ပြည့်သည့်အခါ ထုတ်ပေးခဲ့သော ပညာရေးအာမခံ စုစုပေါင်းသည် အာမခံထားငွေနှင့် ညီမျှနေမည် ဖြစ်ပါသည်။)
  5. ပေါ်လစီကိုစာရင်းပိတ်ခြင်း (Paid-up Policy)
    ပေါ်လစီရှင်တစ်ဉီးအနေဖြင့် အတည်ဖြစ်ပြီးသော ပေါ်လစီတစ်စောင်ကို ပရီမီယံ ဆက်လက် မပေးသွင်းနိုင်လျှင် စာရင်းပိတ်နိုင်သည်။ ပေါ်လစီတွင်ဖော်ပြထားသော သက်တမ်းစေ့ ရောက်သည့်နေ့တွင် စာရင်းပိတ်တန်ဖိုးကို ပေါ်လစီရှင်သို့ ထုတ်ပေးပါသည်။ အာမခံသက်တမ်းအတွင်း အာမခံထားသူ သေဆုံးလျှင် အကျိုးခံစားခွင့် လွှဲပြောင်းခြင်း ခံရသူအား စာရင်းပိတ်တန်ဖိုးကိုသာ ထုတ်ပေးပါသည်။
  6. အမ်းငွေထုတ်ယူခြင်း (Surrender Value)
    ပေါ်လစီရှင်သည် ကျသင့်ပရီမီယံကို ဆက်လက်ပေးသွင်းခြင်း မပြုနိုင်တော့သဖြင့် အတည်ဖြစ်ပြီးသော ပေါ်လစီတစ်စောင်ကို ဖျက်သိမ်း၍ အမ်းငွေထုတ်ယူရန် အကြောင်းကြားလာလျှင် အမ်းငွေဇယားပါနှုန်းအတိုင်း ရခွင့်ရှိသည့်အမ်းငွေကို ပေါ်လစီရှင်သို့ တစ်လုံးတည်း ထုတ်ပေးပါသည်။
  7. ချေးငွေရနိုင်ခြင်း (Policy Loan)
    ပေါ်လစီရှင်တစ်ဦးအနေဖြင့် အတည်ဖြစ်ပြီးသော ပေါ်လစီတစ်စောင်မှ ချေးငွေရယူနိုင်ခွင့်ရှိသည်။ ချေးယူနိုင်မည့် ငွေပမာဏမှာ အမ်းငွေရသင့်တန်ဖိုး နှုန်းထားဇယားပါအတိုင်း ရခွင့်ရှိသည့် စုစုပေါင်းအမ်းငွေရသင့်တန်ဖိုး၏ ၉၀% အထိ ဖြစ်ပါသည်။
    သေဆုံးမှုအကျိုးခံစားခွင့်နှင့် ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်တို့အား ပညာရေးအသက်အာမခံ နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်ပုံစံ ဝယ်ယူထားရှိသူသာ ရရှိနိုင်မည်ဖြစ်ပါသည်။

အကျိုးခံစားခွင့်မရရှိနိင်သည့် ကိစ္စများ

အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများကြောင့် သေဆုံးခဲ့လျှင် 'သေဆုံးမှု အကျိုးခံစားခွင့် (Death Benefit)' အား ရခွင့်မရှိပါ။ အမ်းငွေပမာဏကိုသာ အကျိုးခံစားခွင့်ရှိသူအား ထုတ်ပေးမည်ဖြစ်ပါသည်။

  1. အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း။
  2. အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရှိရင်းစွဲရောဂါကြောင့် အာမခံ စသည့်နေ့မှ တစ်နှစ်အတွင်း သေဆုံးခြင်း။

အာမခံထားသူတစ်ဦးသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများကြောင့် ထာဝစဉ်လုံးဝမသန်စွမ်း ဖြစ်ခဲ့လျှင် 'ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့် (Permanent Total Disability Benefit)' အား ရခွင့်မရှိပါ။ အမ်းငွေပမာဏကိုသာ ပေါ်လစီရှင်/ အကျိုးခံစားခွင့်ရှိသူအား ပြန်ထုတ်ပေးမည် ဖြစ်ပါသည်။

  1. ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။
  2. ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင်လုပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။
  3. မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်သည့်ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။
  4. ဘေးအန္တရာယ်ဖြစ်စေသောဆေးကို မှီဝဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝ မသန်စွမ်းဖြစ်ခြင်း။
  5. ကိုယ်တိုင် ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။
  6. အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သောရှိရင်းစွဲရောဂါကြောင့် အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ခြင်း။