“Capital Taiyo Life Insurance ၏ မော်လမြိုင်ရုံးခွဲတွင်အာမခံထားရှိသူများအား အကျိုးခံစားခွင့်ငွေပေးအပ်ခြင်း”
Capital Taiyo Life Insurance ၏ မော်လမြိုင်ရုံးခွဲတွင် နှစ်တို ငွေပင်ငွေရင်း အသက်အာမခံနှင့် စုပေါင်းအသက် အာမခံထားရှိသူများထဲမှ ထိခိုက်ဒဏ်ရာ ရရှိသူများ၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုဖြစ်သူများ၊ မတော်တဆ သေဆုံးသူများအား အကျိုးခံစားခွင့်ငွေပေးအပ်ခဲ့ပါသည်။
နှစ်တိုငွေပင်ငွေရင်းအသက်အာမခံထားရှိခြင်းဖြင့် အသက်အာမခံသက်တမ်းအတွင်းတွင် အသက်အာမခံ အကာအကွယ်ရရှိနိုင်သည့်အပြင် အာမခံသက်တမ်းအတွင်း အာမခံအကာအကွယ်ရယူရမည့် ကိစ္စတစ်စုံတစ်ရာ မပေါ်မပေါက်ခဲ့ပါကလည်း သက်တမ်းပြည့်သည့်အချိန်တွင် မိမိပေးသွင်းခဲ့သော ပရီမီယံကြေးများအား နှစ်စေ့အကျိုးခံစားခွင့်ငွေအဖြစ် တစ်လုံးတစ်ရင်းတည်း ပြန်လည်ရရှိနိုင်သည့် အသက်အာမခံအမျိုးအစားတစ်ခု ဖြစ်ပါတယ်…
စုပေါင်းအသက်အာမခံထားရှိထားခြင်းဖြင့် မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်း၊ အသက်ဆုံးရှုံးခြင်းနှင့် ထာဝစဉ်မသန်မစွမ်းဖြစ်ခြင်းများ ကြုံတွေ့ခဲ့ပါက အာမခံထားရှိသူနှင့် မိသားစုဝင်များအတွက် ငွေကြေးကာကွယ်မှု အထောက်အပံ့ရရှိနိုင်မှာ ဖြစ်ပါတယ်…
ဒါ့အပြင် New CSR Activity အနေဖြင့်လည်း ၁.၁.၂၀၂၁ မှ စတင်၍ ကျန်းမာရေးအာမခံ၀ယ်ယူသူများ Covid-19 ရောဂါကူးစက်ခံရပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ Covid-19 Positive လူနာအဖြစ် အတည်ပြုသတ်မှတ်မှု ရရှိခဲ့ပါက Capital Taiyo Life Insurance ၏ လူမှုရေးရန်ပုံငွေ ကျပ်သိန်း (၅၀၀) မှ လူမှုရေးထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ကျပ် (၂)သိန်းစီ ပေးအပ်တဲ့ အစီအစဉ်အသစ်ကို ဆောင်ရွက်လျက်ရှိပါတယ်ရှင့် ..
ထို့ကြောင့် Capital Taiyo Life Insurance တွင် ကျန်းမာရေးအာမခံထားရှိထားသော Customer များအနေဖြင့် Covid-19 ကူးစက်ခံရကြောင်း MOHS မှ အတည်ပြုကြေငြာခြင်း ရရှိခဲ့ပါက အောက်ဖော်ပြပါ တယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါတယ်ရှင့်။
>>> Call Center 09-765453422, 09-765453423 <<< >>> Head Office 09-970019900, 09- 961609030 <<< “သင့်အနာဂတ်၊ သင့်မိသားစုဘဝ လုံခြုံစိတ်ချလှပစေဖို့ Capital Taiyo Life Insurance ကို ရွေးချယ်လိုက်ပါ။” #CapitalTaiyoLifeInsurance #YourLifelongCompanion #HealthInsurance #ShortTermEndowment #GroupLifeInsurance #SocialFundforCovid19